မိဘက ဆင္းရဲေပမယ့္ ဘယ္သူ႔ အကူအညီမွ မယူဘဲ အမႈိက္ေကာက္ ပန္းကန္ေဆးၿပီး ဘြဲ႕ရေအာင္ ႀကိဳးစားျပခဲ့သူ
Zawgyi ျဖင့္ဖတ္ရန္
ႏိုင္ငံေက်ာ္ မိုက္ခ႐ိုေဆာ့ ကုမၼဏီကိုတည္ေထာင္ခဲ့တဲ့ ေဘးဂိတ္လ္ ရဲ႕ အဆိုတစ္ခုကို ၾကားဖူးၾကမွာပါ။ အဲ့တာကေတာ့ “ခင္ဗ်ား ဆင္းဆင္းရဲရဲ ေမြးဖြားလာတာ ခင္ဗ်ား အျပစ္မဟုတ္ဘူး။ ဒါေပမယ့္ ဆင္းဆင္းရဲရဲ ေသဆုံးသြားတယ္ဆိုရင္ေတာ့ ခင္ဗ်ား အျပစ္ ျဖစ္တယ္” ဆိုတာပါပဲ။ အရမ္းမွန္ပါတယ္ေနာ္။ ကြၽန္ေတာ္တို႔ဟာ ေမြးဖြားတဲ့အခါသူေဌးဝမ္း ဝင္စားမယ္ ၊ ဆင္းရဲသား ဝမ္း ဝင္စားမယ္လို႔ ေ႐ြးခ်ယ္ခြင့္မရခဲ့ၾကပါဘူး။
ၿပီးေတာ့ အခု ခ်မ္းသာသူတိုင္းကလည္း သူေဌးဝမ္းမွာ ဝင္စားသူမ်ားမဟုတ္ၾကပါဘူး။ဒါေၾကာင့္ ပင္ကိုယ္ႀကိဳးစားအားထုတ္မႈကသာ မိမိဘဝကိုတည္ေဆာက္ႏိုင္တယ္ဆိုတာအမွန္ပါပဲ။ ဆင္းရဲတဲ့ ဘဝဆိုၿပီး ထိုင္ၿပီး ညည္းညဴေန႐ုံမွ်နဲ႔ေတာ့ ဘာမွ ျဖစ္လာမွာမဟုတ္ပါဘူး။ မိဘေတြကလည္း အစြမ္းကုန္ ျဖည့္တင္းေပးရမွာျဖစ္သလို ၊ သားသမီးေတြကလည္း အစြမ္းကုန္ႀကိဳးစားၾကရမွာပါ။
မိဘက ဆင္းရဲရွာတဲ့ Nong Pao or Mr. Thiraphong Sungsaeng တစ္ေယာက္ဟာ ဘဝကို ျဖစ္သလို မ႐ုန္းကန္ပဲနဲ႔ သူ႔ရဲ႕အခ်ိန္ေတြကို စနစ္တက် အသုံးခ်ၿပီး အလုပ္လုပ္ခဲ့ တာေၾကာင့္ ၾသဂုတ္လ ၁၀ ရက္ေန႔မွာ ဘြဲ႕တစ္ခုကိုေအာင္ျမင္စြာယူႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
သူဟာဆိုရင္ အခ်ိန္အားရင္ ပန္းကန္ေဆးတဲ့ အလုပ္မွာ ဝင္ေရာက္လုပ္ကိုင္သလို ၊ အခ်ိန္ပိုင္း အျခားအလုပ္မ်ားစြာကိုလည္းလုပ္ကိုင္ၿပီးေတာ့ သူ႔ရဲ႕ပညာေရးအတြက္ လိုအပ္တဲ့ ေငြေၾကးကိုရွာေဖြၿပီးေတာ့ ပညာေရးဆုံးခန္းတိုင္ေအာင္ ႀကိဳးစားခဲ့တာပဲျဖစ္ပါတယ္။ သူဟာဘြဲ႕ရၿပီးေနာက္ လက္ရွိမွာေတာ့ Wang Chomphu က ၿမိဳ႕ေတာ္စည္ပင္မွာဝင္ေရာက္လုပ္ကိုင္ခဲ့ပါတယ္။
ဒါေၾကာင့္ ကိုယ့္ဘဝကို ဆင္းရဲႏုံခ်ာလွတယ္ဆိုၿပီးေတာ့ ယိုးမယ္ဖြဲ႕မေနပဲနဲ႔ အခ်ိန္ကို အက်ိဳးရွိေအာင္ အသုံးခ်ႏိုင္ၾကေစဖို႔အတြက္ စိတ္ဓာတ္ခြန္အားျဖစ္စရာအျဖစ္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Writer- SMT(Shwe Yaung Lan)
Unicode ဖြင့်ဖတ်ရန်
မိဘက ဆင်းရဲပေမယ့် ဘယ်သူ့ အကူအညီမှ မယူဘဲ အမှိုက်ကောက် ပန်းကန်ဆေးပြီး ဘွဲ့ရအောင် ကြိုးစားပြခဲ့သူ
နိုင်ငံကျော် မိုက်ခရိုဆော့ ကုမ္မဏီကိုတည်ထောင်ခဲ့တဲ့ ဘေးဂိတ်လ် ရဲ့ အဆိုတစ်ခုကို ကြားဖူးကြမှာပါ။ အဲ့တာကတော့ “ခင်ဗျား ဆင်းဆင်းရဲရဲ မွေးဖွားလာတာ ခင်ဗျား အပြစ်မဟုတ်ဘူး။ ဒါပေမယ့် ဆင်းဆင်းရဲရဲ သေဆုံးသွားတယ်ဆိုရင်တော့ ခင်ဗျား အပြစ် ဖြစ်တယ်” ဆိုတာပါပဲ။ အရမ်းမှန်ပါတယ်နော်။ ကျွန်တော်တို့ဟာ မွေးဖွားတဲ့အခါသူဌေးဝမ်း ဝင်စားမယ် ၊ ဆင်းရဲသား ဝမ်း ဝင်စားမယ်လို့ ရွေးချယ်ခွင့်မရခဲ့ကြပါဘူး။
ပြီးတော့ အခု ချမ်းသာသူတိုင်းကလည်း သူဌေးဝမ်းမှာ ဝင်စားသူများမဟုတ်ကြပါဘူး။ဒါကြောင့် ပင်ကိုယ်ကြိုးစားအားထုတ်မှုကသာ မိမိဘဝကိုတည်ဆောက်နိုင်တယ်ဆိုတာအမှန်ပါပဲ။ ဆင်းရဲတဲ့ ဘဝဆိုပြီး ထိုင်ပြီး ညည်းညူနေရုံမျှနဲ့တော့ ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ မိဘတွေကလည်း အစွမ်းကုန် ဖြည့်တင်းပေးရမှာဖြစ်သလို ၊ သားသမီးတွေကလည်း အစွမ်းကုန်ကြိုးစားကြရမှာပါ။
မိဘက ဆင်းရဲရှာတဲ့ Nong Pao or Mr. Thiraphong Sungsaeng တစ်ယောက်ဟာ ဘဝကို ဖြစ်သလို မရုန်းကန်ပဲနဲ့ သူ့ရဲ့အချိန်တွေကို စနစ်တကျ အသုံးချပြီး အလုပ်လုပ်ခဲ့ တာကြောင့် သြဂုတ်လ ၁၀ ရက်နေ့မှာ ဘွဲ့တစ်ခုကိုအောင်မြင်စွာယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
သူဟာဆိုရင် အချိန်အားရင် ပန်းကန်ဆေးတဲ့ အလုပ်မှာ ဝင်ရောက်လုပ်ကိုင်သလို ၊ အချိန်ပိုင်း အခြားအလုပ်များစွာကိုလည်းလုပ်ကိုင်ပြီးတော့ သူ့ရဲ့ပညာရေးအတွက် လိုအပ်တဲ့ ငွေကြေးကိုရှာဖွေပြီးတော့ ပညာရေးဆုံးခန်းတိုင်အောင် ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ သူဟာဘွဲ့ရပြီးနောက် လက်ရှိမှာတော့ Wang Chomphu က မြို့တော်စည်ပင်မှာဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
ဒါကြောင့် ကိုယ့်ဘဝကို ဆင်းရဲနုံချာလှတယ်ဆိုပြီးတော့ ယိုးမယ်ဖွဲ့မနေပဲနဲ့ အချိန်ကို အကျိုးရှိအောင် အသုံးချနိုင်ကြစေဖို့အတွက် စိတ်ဓာတ်ခွန်အားဖြစ်စရာအဖြစ် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Writer- SMT(Shwe Yaung Lan)


မှတ်ချက်များ