ျပင္းထန္လြန္းတဲ့ ငလ်င္ေၾကာင့္ ေက်ာက္ေျမာင္းမွာ တိုက္အိမ္ ၂ ခု ပူးကပ္ သြားၿပီး လူေတြ မေနရဲေအာင္ ေၾကာက္လန႔္ေန



Zawgyi ျဖင့္ဖတ္ရန္

ယေန႔ ည စံေတာ္ခ်ိန္ ၉ နာရီ ၅၄ မိနစ္မွာ ရန္ကုန္မွာ ရစ္ခ်က္တာစေတး ၄.၁ အဆင့္ရွိတဲ့ ေျမငလ်င္တစ္ခုလႈပ္ခတ္ခဲ့ေၾကာင္း ကမာၻေအး ေျမငလ်င္စခန္းမွ အတည္ျပဳထုတ္ျပန္ပါတယ္။





ငလ်င္ေၾကာင့္ ေက်ာက္ေျမာင္း အေသာက လမ္းတြင္ ရွိတဲ့ တိုက္အိမ္ႏွစ္လုံး ယိမ္းထိုးထိစပ္သြားခဲ့တယ္လို႔ သိရပါတယ္။




တိုက္ေပၚေနလူေတြကေတာ့ ေၾကာက္လန႔္တၾကားေျပးဆင္းခဲ့ၾကလို႔ ထိခိုက္မႈ မရွိဘူးလို႔ သိရပါတယ္။ လက္ရွိမွေတာ့ တိုက္ေပၚကို ဘယ္သူမွ တက္မေနရဲပဲျဖစ္ပါတယ္။


Writer- SMT(Shwe Yaung Lan)


Unicode ဖြင့်ဖတ်ရန်

ပြင်းထန်လွန်းတဲ့ ငလျင်ကြောင့် ကျောက်မြောင်းမှာ တိုက်အိမ် ၂ ခု ပူးကပ် သွားပြီး လူတွေ မနေရဲအောင် ကြောက်လန့်နေ


ယနေ့ ည စံတော်ချိန် ၉ နာရီ ၅၄ မိနစ်မှာ ရန်ကုန်မှာ ရစ်ချက်တာစတေး ၄.၁ အဆင့်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ကမ္ဘာအေး မြေငလျင်စခန်းမှ အတည်ပြုထုတ်ပြန်ပါတယ်။



ငလျင်ကြောင့် ကျောက်မြောင်း အသောက လမ်းတွင် ရှိတဲ့ တိုက်အိမ်နှစ်လုံး ယိမ်းထိုးထိစပ်သွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပေါ်နေလူတွေကတော့ ကြောက်လန့်တကြား
ပြေးဆင်းခဲ့ကြလို့ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။ လက်ရှိမှတော့ တိုက်ပေါ်ကို ဘယ်သူမှ တက်မနေရဲပဲဖြစ်ပါတယ်။


Writer- SMT(Shwe Yaung Lan)


မှတ်ချက်များ