Zawgyi ျဖင့္ဖတ္ရန္
( Video ဖိုင္ကို ေအာက္ဆုံးမွာတြဲၿပီး တင္ေပးထားပါတယ္ )
ျမန္မာျပည္ရဲ႕ ႐ြက္ပုန္းသီးစားဖိုမႉးေတြကို ေမြးထုတ္ေပးေနတဲ့ MasterChef Myanmar ၿပိဳင္ပြဲဟာ ခုဆိုရင္ Season 2 ကို ေရာက္ရွိေနတာျဖစ္ပါတယ္…ၿပီးခဲ့တဲ့ ၁၀ ရက္ေန႔က Season 2 ရဲ႕ ေနာက္ဆုံး Fianlist 3 ဦးေနရာအတြက္ ၿပိဳင္ပြဲဝင္ ၄ ဦး က ယွဥ္ၿပိဳင္ၾကတဲ့ အပိုင္းကို ထုတ္လႊင့္ျပသခဲ့ပါတယ္…အဲဒီ Top 3 ေနရာအတြက္ ယွဥ္ၿပိဳင္ရာမွာေတာ့ ၿပိဳင္ပြဲဝင္ ၄ ဦးထဲက အာကာက Winner အျဖစ္ ေနာက္တစ္ဆင့္ တက္လွမ္းႏိုင္ခဲ့ၿပီး က်န္ ၃ ဦးကေတာ့ လက္က်န္ ၂ ေနရာအတြက္ ဆက္လက္ယွဥ္ၿပိဳင္ၾကရပါတယ္…
ဒီတစ္ခါမွာေတာ့ က်န္တဲ့ ၿပိဳင္ပြဲဝင္ ၃ ဦးထဲက ေနျပည္ေတာ္ကေန လာၿပိဳင္တဲ့ ႏိုင္ေဇာ္ကေတာ့ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရပါတယ္…ႏိုင္ေဇာ္ဟာ အေကာင္းဆုံးယွဥ္ၿပိဳင္ခဲ့သလို ဒိုင္ေတြရဲ႕ အရမ္းေကာင္းတယ္ဆိုတဲ့ မွတ္ခ်က္ေတြကိုလည္း ရရွိခဲ့တာပါ…ဒါေပမဲ့ေနာက္ဆုံး ဆုံးျဖတ္ရာမွာေတာ့ ႏိုင္ေဇာ္တစ္ေယာက္ ၿပိဳင္ပြဲကေန ထြက္ခဲ့ရတာျဖစ္ပါတယ္… ဒီ့အတြက္ႏိုင္ေဇာ္က သူ႔ရဲ႕ ရင္တြင္းခံစားခ်က္ကို ခုလိုေျပာျပခဲ့ပါတယ္…
“ ႏိုင္ေဇာ္ဟာ ေကာင္းတာမဟုတ္ဘူး အရမ္းကိုေကာင္းတယ္ အကုန္လုံးက Prefect ျဖစ္တယ္တဲ့ အဲဒါလည္းေျပာၿပီးေရာ ႏိုင္ေဇာ္ကို ျဖဳတ္ခ်လိုက္ေရာ ဒါကဘာအဓိပၸာယ္လည္းမသိဘူး ဒီအစီအစဥ္သာ TV မွာလာလို႔ရွိရင္ ကိုယ့္ေရွ႕မွာရွိတဲ့TV ေတာင္႐ိုက္ခြဲမိမလား မသိဘူး။ ဒီပြဲက မတရားဘူးလို႔ ကြၽန္ေတာ္ ထင္တယ္.. သုံးေယာက္ထဲမွာ ကိုယ္ကအေကာင္းဆုံး ျဖစ္လ်က္နဲ႔ အိမ္ျပန္ရတယ္ဆိုေတာ့ ဒါသက္သက္ မ်က္ႏွာလိုက္တာဆိုတာ ေသခ်ာေနၿပီးသားပဲ ”လို႔ ဆိုသြားတာပါ…
က်န္ရွိေနတဲ့ ၿပိဳင္ပြဲဝင္ ၃ ေယာက္ကေတာ့ MasterChef Myanmar ရဲ႕ Winner ေနရာအတြက္ ဆက္လက္ယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္…. ခုလို ႏိုင္ေဇာ္တစ္ေယာက္ ထြက္ခြာခဲ့ရတဲ့အေပၚ MasterChef Myanmar ကို ၾကည့္ျဖစ္လိုက္တဲ့ ပရိသတ္ႀကီးေတြအေနနဲ႔လည္း မိမိတို႔ရဲ႕ ထင္ျမင္ယူဆခ်က္ေလးေတြကို မွ်ေဝႏိုင္ပါတယ္ေနာ္… ေအာက္မွာ လည္း ႏိုင္ေဇာ္ေျပာသြားတဲ့ ဗီဒီယိုဖိုင္ေလးကို ျပန္လည္မွ်ေဝလိုက္ပါတယ္ေနာ္…
႐ုပ္သံဖိုင္အားၾကည့္ရန္ႏွိပ္ပါ
Writer – HW (Shwe Yaung Lan)
Unicode ဖြင့်ဖတ်ရန်
တီဗီမှာ အစီအစဉ် လာ လို့ ရှိရင် ရိုက်ခွဲမိမလားမသိဘူး လို့ ပြောချလိုက်တဲ့ MasterChef ပြိုင်ပွဲဝင် နိုင်ဇော်
( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )
မြန်မာပြည်ရဲ့ ရွက်ပုန်းသီးစားဖိုမှူးတွေကို မွေးထုတ်ပေးနေတဲ့ MasterChef Myanmar ပြိုင်ပွဲဟာ ခုဆိုရင် Season 2 ကို ရောက်ရှိနေတာဖြစ်ပါတယ်…ပြီးခဲ့တဲ့ ၁၀ ရက်နေ့က Season 2 ရဲ့ နောက်ဆုံး Fianlist 3 ဦးနေရာအတွက် ပြိုင်ပွဲဝင် ၄ ဦး က ယှဉ်ပြိုင်ကြတဲ့ အပိုင်းကို ထုတ်လွှင့်ပြသခဲ့ပါတယ်…အဲဒီ Top 3 နေရာအတွက် ယှဉ်ပြိုင်ရာမှာတော့ ပြိုင်ပွဲဝင် ၄ ဦးထဲက အာကာက Winner အဖြစ် နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပြီး ကျန် ၃ ဦးကတော့ လက်ကျန် ၂ နေရာအတွက် ဆက်လက်ယှဉ်ပြိုင်ကြရပါတယ်…
ဒီတစ်ခါမှာတော့ ကျန်တဲ့ ပြိုင်ပွဲဝင် ၃ ဦးထဲက နေပြည်တော်ကနေ လာပြိုင်တဲ့ နိုင်ဇော်ကတော့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်…နိုင်ဇော်ဟာ အကောင်းဆုံးယှဉ်ပြိုင်ခဲ့သလို ဒိုင်တွေရဲ့ အရမ်းကောင်းတယ်ဆိုတဲ့ မှတ်ချက်တွေကိုလည်း ရရှိခဲ့တာပါ…ဒါပေမဲ့နောက်ဆုံး ဆုံးဖြတ်ရာမှာတော့ နိုင်ဇော်တစ်ယောက် ပြိုင်ပွဲကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်… ဒီ့အတွက်နိုင်ဇော်က သူ့ရဲ့ ရင်တွင်းခံစားချက်ကို ခုလိုပြောပြခဲ့ပါတယ်…
“ နိုင်ဇော်ဟာ ကောင်းတာမဟုတ်ဘူး အရမ်းကိုကောင်းတယ် အကုန်လုံးက Prefect ဖြစ်တယ်တဲ့ အဲဒါလည်းပြောပြီးရော နိုင်ဇော်ကို ဖြုတ်ချလိုက်ရော ဒါကဘာအဓိပ္ပာယ်လည်းမသိဘူး ဒီအစီအစဉ်သာ TV မှာလာလို့ရှိရင် ကိုယ့်ရှေ့မှာရှိတဲ့TV တောင်ရိုက်ခွဲမိမလား မသိဘူး။ ဒီပွဲက မတရားဘူးလို့ ကျွန်တော် ထင်တယ်.. သုံးယောက်ထဲမှာ ကိုယ်ကအကောင်းဆုံး ဖြစ်လျက်နဲ့ အိမ်ပြန်ရတယ်ဆိုတော့ ဒါသက်သက် မျက်နှာလိုက်တာဆိုတာ သေချာနေပြီးသားပဲ ”လို့ ဆိုသွားတာပါ…
ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင် ၃ ယောက်ကတော့ MasterChef Myanmar ရဲ့ Winner နေရာအတွက် ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်…. ခုလို နိုင်ဇော်တစ်ယောက် ထွက်ခွာခဲ့ရတဲ့အပေါ် MasterChef Myanmar ကို ကြည့်ဖြစ်လိုက်တဲ့ ပရိသတ်ကြီးတွေအနေနဲ့လည်း မိမိတို့ရဲ့ ထင်မြင်ယူဆချက်လေးတွေကို မျှဝေနိုင်ပါတယ်နော်… အောက်မှာ လည်း နိုင်ဇော်ပြောသွားတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…
ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ
Writer – HW (Shwe Yaung Lan)

မှတ်ချက်များ