Zawgyiျဖင့္ဖတ္ရန္
(၁) မေန႔တစ္ေန႔က စခ်စ္ခဲ့သလို ဂ႐ုစိုက္ေပးပါ
အခ်ိန္ၾကာလာရင္ စုံတြဲေတြဟာ သူတို႔ခ်စ္သူေတြစျဖစ္တုန္းက တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္လိုခ်စ္ခဲ့ ဂ႐ုစိုက္ခဲ့လဲဆိုတာကိုေမ့ေနတတ္ၾကပါတယ္။ မနက္တိုင္း Morning ဆိုၿပီး ပို႔တဲ့messageေတာင္ တာဝန္တစ္ခုအရလုပ္ေနရသလို ခံစားတတ္ၾကပါတယ္။ ဒီလိုေတြျဖစ္တာဟာ ကိုယ့္ခ်စ္သူကိုမခ်စ္လို႔ေတာ့လုံးဝမဟုတ္ပါဘူး။ ဒါေတြပဲေန႔တိုင္းလုပ္ေနရလို႔ လူ႔သဘာဝအရ ပ်င္းရိသြားတတ္႐ုံပါ။ ဒီေတာ့ RSေတြရဲ႕ စိတ္ထဲမွာ သူ/သူမနဲ႔ မေန႔တစ္ေန႔က ခ်စ္သူစျဖစ္ခြင့္ရသလိုမ်ိဳး သေဘာထားလိုက္ဖို႔လိုပါတယ္။ ဒါမွ ဒီတစ္ေယာက္နဲ႔ ခ်စ္သူျဖစ္ခြင့္ရတာ ကံေကာင္းတယ္လို႔အၿမဲခံစားမိမွာပါ။ ဥပမာအေနနဲ႔ မနက္စာျပင္ေပးတာေတြ၊ ဖုန္းဆက္ႏႈိးတာေတြ၊ မ်က္ႏွာရိပ္မ်က္ႏွာကဲၾကည့္ၿပီး ေျပာတတ္ဆိုတတ္ရတာေတြ စတာေတြကတည္ၿမဲတဲ့ Relationshipတစ္ခုမွာရွိသင့္တဲ့ အရာေလးေတြပါပဲ။ ဒါမွ သူ႔ရဲ႕ ယုံၾကည္မႈေတြကလည္း ကိုယ့္အေပၚမွာအျပည့္ရွိေနမွာပါ။
(၂) သူ႔အတြက္ သီးသန႔္အခ်ိန္ေလးတစ္ခုေပးလိုက္ပါ
အလုပ္ေတြအကိုင္ေတြနဲ႔ျဖစ္လာတဲ့အခါ အရင္ကလို အခ်ိန္ျပည့္မေတြ႕ႏိုင္ေတာ့တဲ့အခါ တစ္ပတ္မွာတစ္ရက္ ဒါမွမဟုတ္ရင္ အခ်ိန္တစ္ခုေလာက္သတ္မွတ္ၿပီး ကိုယ့္ခ်စ္သူအတြက္အခ်ိန္ေပးလိုက္ပါ။ အလုပ္ကိစၥအေၾကာင္းေတြ ဇာတ္ကားအေၾကာင္းေတြ ဟိုဟိုဒီဒီေတြ အရမ္းမေျပာဘဲ ဒီတစ္ပါတ္အတြင္း/ မေတြ႕ရတဲ့အခ်ိန္ေတြမွာဘယ္လိုလြမ္းခဲ့လဲဆိုတာကိုေတြ႕တိုင္း ေျပာျပပါ။ၿပီးရင္ အနာဂတ္အတြက္ တိုင္ပင္ပါ။ သူနဲ႔ဖုန္းေျပာတဲ့အခ်ိန္ကိုလည္း သီးသန႔္ေလးထားေပးပါ။ ( မဟုတ္ရင္ ဂိမ္းေဆာ့ေနတဲ့အခ်ိန္နဲ႔တိုးရင္ကြိဳင္တတ္ပါတယ္) တက္တက္ႂကြႂကြလန္းလန္းဆန္းဆန္းနဲ႔ဖုန္းေျပာပါ။ ဒါဆို ဖုန္းခ်တိုင္း ရန္မျဖစ္ဘဲ ၾကည္ၾကည္ႏူးႏူးနဲ႔အဆုံးသတ္ရပါလိမ့္မယ္။
(၃) တစ္ခုခုဆို တျခားလူေတြနဲ႔ ယွဥ္ယွဥ္ၿပီးမေျပာပါနဲ႔!!!
အဓိကကေတာ့ ရန္မျဖစ္ေအာင္ႀကိဳးစားပါ။ ရန္ျဖစ္တဲ့အခါ လူဆိုတာလည္း ေဒါသနဲ႔မို႔ ကိုယ့္ခ်စ္သူ အျခားသူတစ္ေယာက္နဲ႔ ယွဥ္ယွဥ္ၿပီး စကားႏိုင္လုေျပာတတ္ပါတယ္။ သည္းခံႏိုင္ရင္ေတာ့ ေတာ္ေသးေပမယ့္ သည္းမခံႏိုင္တဲ့အခါေတာ့ အဆုံးသတ္ဖို႔နီးစပ္ေနပါၿပီ။ ကိုယ္နဲ႔အျခားတစ္ေယာက္ကိုယွဥ္ၿပီးအေျပာခံရတာဟာ လူတစ္ေယာက္အတြက္ အနာဆုံးစကားေတြထဲကတစ္ခုလည္းျဖစ္တာေၾကာင့္ ကိုယ္ျမတ္ျမတ္ႏိုးႏိုးနဲ႔ ခ်စ္တယ္လို႔ေျပာထားတဲ့ သူတစ္ေယာက္ကို ဘယ္ေတာ့မွဒီလိုမေျပာမိပါေစနဲ႔ေနာ္။ (သို႔ေပမယ့္ သူတို႔ႀကိဳက္တဲ့ မင္းသား/မင္းသမီးေတြနဲ႔ ယွဥ္ၿပီး ခ်ီးက်ဴးတဲ့အခ်ိန္ေတာ့ ၿပဳံးၿပဳံးႀကီးနဲ႔ ေပ်ာ္ေပ်ာ္ႀကီးျဖစ္ေနတတ္တာလည္း Logicတစ္ခုပါ)
ကဲ…ဒီေတာ့..Rsတစ္ခုကို ဘယ္လိုေရရွည္တည္တံ့ေအာင္လုပ္မလဲဆိုတာက ကာယကံရွင္ ပရိတ္သတ္တို႔အေပၚမွာပဲ မူတည္တာမို႔ Rsေတြအတြက္အက်ိဳးရွိမယ့္ အခ်က္ေလးအခ်ိဳ႕ကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။ ခ်စ္ပရိတ္သတ္တို႔လည္း ေပ်ာ္႐ႊင္စရာေကာင္းတဲ့ Relationship တစ္ခုကို ပိုင္ဆိုင္ႏိုင္ပါေစ….
Photo Source : Pngtree
Credit:Myanmarload
Unicodeဖြင့်ဖတ်ရန်
ချစ်သက်တမ်း(၁)နှစ်ကျော်တဲ့အခါ တွဲလက်တွေမပျက်အောင် စုံတွဲတိုင်း ပြုလုပ်သင့်တဲ့အရာများ
(၁) မနေ့တစ်နေ့က စချစ်ခဲ့သလို ဂရုစိုက်ပေးပါ
အချိန်ကြာလာရင် စုံတွဲတွေဟာ သူတို့ချစ်သူတွေစဖြစ်တုန်းက တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုချစ်ခဲ့ ဂရုစိုက်ခဲ့လဲဆိုတာကိုမေ့နေတတ်ကြပါတယ်။ မနက်တိုင်း Morning ဆိုပြီး ပို့တဲ့messageတောင် တာဝန်တစ်ခုအရလုပ်နေရသလို ခံစားတတ်ကြပါတယ်။ ဒီလိုတွေဖြစ်တာဟာ ကိုယ့်ချစ်သူကိုမချစ်လို့တော့လုံးဝမဟုတ်ပါဘူး။ ဒါတွေပဲနေ့တိုင်းလုပ်နေရလို့ လူ့သဘာဝအရ ပျင်းရိသွားတတ်ရုံပါ။ ဒီတော့ RSတွေရဲ့ စိတ်ထဲမှာ သူ/သူမနဲ့ မနေ့တစ်နေ့က ချစ်သူစဖြစ်ခွင့်ရသလိုမျိုး သဘောထားလိုက်ဖို့လိုပါတယ်။ ဒါမှ ဒီတစ်ယောက်နဲ့ ချစ်သူဖြစ်ခွင့်ရတာ ကံကောင်းတယ်လို့အမြဲခံစားမိမှာပါ။ ဥပမာအနေနဲ့ မနက်စာပြင်ပေးတာတွေ၊ ဖုန်းဆက်နှိုးတာတွေ၊ မျက်နှာရိပ်မျက်နှာကဲကြည့်ပြီး ပြောတတ်ဆိုတတ်ရတာတွေ စတာတွေကတည်မြဲတဲ့ Relationshipတစ်ခုမှာရှိသင့်တဲ့ အရာလေးတွေပါပဲ။ ဒါမှ သူ့ရဲ့ ယုံကြည်မှုတွေကလည်း ကိုယ့်အပေါ်မှာအပြည့်ရှိနေမှာပါ။
(၂) သူ့အတွက် သီးသန့်အချိန်လေးတစ်ခုပေးလိုက်ပါ
အလုပ်တွေအကိုင်တွေနဲ့ဖြစ်လာတဲ့အခါ အရင်ကလို အချိန်ပြည့်မတွေ့နိုင်တော့တဲ့အခါ တစ်ပတ်မှာတစ်ရက် ဒါမှမဟုတ်ရင် အချိန်တစ်ခုလောက်သတ်မှတ်ပြီး ကိုယ့်ချစ်သူအတွက်အချိန်ပေးလိုက်ပါ။ အလုပ်ကိစ္စအကြောင်းတွေ ဇာတ်ကားအကြောင်းတွေ ဟိုဟိုဒီဒီတွေ အရမ်းမပြောဘဲ ဒီတစ်ပါတ်အတွင်း/ မတွေ့ရတဲ့အချိန်တွေမှာဘယ်လိုလွမ်းခဲ့လဲဆိုတာကိုတွေ့တိုင်း ပြောပြပါ။ပြီးရင် အနာဂတ်အတွက် တိုင်ပင်ပါ။ သူနဲ့ဖုန်းပြောတဲ့အချိန်ကိုလည်း သီးသန့်လေးထားပေးပါ။ ( မဟုတ်ရင် ဂိမ်းဆော့နေတဲ့အချိန်နဲ့တိုးရင်ကွိုင်တတ်ပါတယ်) တက်တက်ကြွကြွလန်းလန်းဆန်းဆန်းနဲ့ဖုန်းပြောပါ။ ဒါဆို ဖုန်းချတိုင်း ရန်မဖြစ်ဘဲ ကြည်ကြည်နူးနူးနဲ့အဆုံးသတ်ရပါလိမ့်မယ်။
(၃) တစ်ခုခုဆို တခြားလူတွေနဲ့ ယှဉ်ယှဉ်ပြီးမပြောပါနဲ့!!!
အဓိကကတော့ ရန်မဖြစ်အောင်ကြိုးစားပါ။ ရန်ဖြစ်တဲ့အခါ လူဆိုတာလည်း ဒေါသနဲ့မို့ ကိုယ့်ချစ်သူ အခြားသူတစ်ယောက်နဲ့ ယှဉ်ယှဉ်ပြီး စကားနိုင်လုပြောတတ်ပါတယ်။ သည်းခံနိုင်ရင်တော့ တော်သေးပေမယ့် သည်းမခံနိုင်တဲ့အခါတော့ အဆုံးသတ်ဖို့နီးစပ်နေပါပြီ။ ကိုယ်နဲ့အခြားတစ်ယောက်ကိုယှဉ်ပြီးအပြောခံရတာဟာ လူတစ်ယောက်အတွက် အနာဆုံးစကားတွေထဲကတစ်ခုလည်းဖြစ်တာကြောင့် ကိုယ်မြတ်မြတ်နိုးနိုးနဲ့ ချစ်တယ်လို့ပြောထားတဲ့ သူတစ်ယောက်ကို ဘယ်တော့မှဒီလိုမပြောမိပါစေနဲ့နော်။ (သို့ပေမယ့် သူတို့ကြိုက်တဲ့ မင်းသား/မင်းသမီးတွေနဲ့ ယှဉ်ပြီး ချီးကျူးတဲ့အချိန်တော့ ပြုံးပြုံးကြီးနဲ့ ပျော်ပျော်ကြီးဖြစ်နေတတ်တာလည်း Logicတစ်ခုပါ)
ကဲ…ဒီတော့..Rsတစ်ခုကို ဘယ်လိုရေရှည်တည်တံ့အောင်လုပ်မလဲဆိုတာက ကာယကံရှင် ပရိတ်သတ်တို့အပေါ်မှာပဲ မူတည်တာမို့ Rsတွေအတွက်အကျိုးရှိမယ့် အချက်လေးအချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ချစ်ပရိတ်သတ်တို့လည်း ပျော်ရွှင်စရာကောင်းတဲ့ Relationship တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ….
Photo Source : Pngtree
Credit:Myanmarload


မှတ်ချက်များ