Zawgyiျဖင့္ဖတ္ရန္
လူတိုင္းဟာ တစ္ေန႔ ငါ ဘယ္လိုလူမ်ိဳးနဲ႔ ဖူးစာဆုံမွာလဲ၊ ငါ့ဖူးစာရွင္က ဘယ္လိုပုံစံမ်ိဳးနဲ႔ ငါ့ဆီေရာက္လာမွာလည္း ဆိုတာကို အရမ္းစိတ္ဝင္စားၾကပါတယ္။ တစ္ခ်ိဳ႕ ဖူးစာေတြက အရမ္းကို ဆန္ၾကယ္ၿပီး မထင္မွတ္ထားတဲ့ အေျခအေနေတြနဲ႔ ႀကဳံေတြ႕ေနရတတ္ပါတယ္။ ယခုလည္း အသက္ ၂၈ႏွစ္အ႐ြယ္ Bambang Irawan Alias Awan ဆိုသူနဲ႔ အသက္ ၂၆ ႏွစ္အ႐ြယ္ Arzum Balli ဟာ မိုင္ေပါင္း ၈ေထာင္ေက်ာ္ ကြာေဝးတဲ့ေနရာကေန ဖူးစာဆုံခဲ့ပါတယ္။
Sosok ရဲ႕ အဆိုအရ သူတို႔ စုံတြဲဟာ အင္ဒိုနီးရွားေတာင္းပိုင္း ဂ်ကာတာ နဲ႔ ဩစႀတီးယားႏိုင္ငံ အသီးသီးမွာ ေနထိုင္ၾကတဲ့ ေရေျမျခားတဲ့သူေတြပါ။ ဒီလို မိုင္းေပါင္ ၈ေထာင္ေက်ာ္ ေဝးတဲ့ေနရာကေန တစ္ေယာက္နဲ႔တစ္ေယာက္ဟာ Smule app မွာ သီခ်င္းဆိုရင္ ဆုံေတြ႕ခဲ့ၾကပါတယ္။ Smule မွာ အတူတူ သီခ်င္းေတြ တြဲဆိုရင္း ၂၀၀၁၆ခုႏွစ္မွာ စတင္ေတြ႕ဆုံခဲ့ပါတယ္။
၂၀၁၇ခုႏွစ္ေရာက္တဲ့ အခ်ိန္မွာေတာ့ Awan နဲ႔ Arzum တို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ေမတၱာမွ်ေနၾကပါၿပီ။ အဲ့ဒါေၾကာင့္ Arzum ဟာ သူ႔ရဲ႕ ခ်စ္သူေကာင္ေလးကို ေတြ႕ဖို႔ အင္ဒိုနီးရွားကို အရဲစြန္႔ၿပီး ထြက္လာခဲ့ပါတယ္။ အင္ဒိုနီးရွားမွာေရာက္မွ တစ္ေယာက္နဲ႔တစ္ေယာက္ ပထမဦးဆုံး အျပင္မွာ ဆုံဖူးတာျဖစ္ၿပီး စစေတြ႕ျခင္းမွာပဲ Arzum ဘက္က လက္ထပ္ဖို႔အထိ လက္ခံခဲ့ပါတယ္။
မိန္းကေလးဘက္က အျပင္မွာ တစ္ခါပဲ ဆုံဖူးၿပီး လက္ထပ္ဖို႔အထိ သူ႔အေပၚ ခ်စ္ခင္ယုံၾကည္မႈရွိတာေၾကာင့္ Awan တစ္ေယာက္ အရမ္းကို အံ့အားသင့္ခဲ့ရပါတယ္။ ပထမဦးဆုံးေတြ႕ေတြ႕ခ်င္းမွာပဲ ၾသစႀတီးယား သံ႐ုံးကို သြားၿပီး လက္ထပ္ဖို႔အတြက္ လိုအပ္တဲ့စာ႐ြယ္စာတမ္းေတြ ျပဳလုပ္ကာ မဂၤလာေဆာင္ဖို႔ စီစဥ္ခဲ့ပါတယ္။ အဲ့ဒီေနာက္ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၈ရက္ေန႔က ဂ်ကာတာမွာပဲ မဂၤလာေဆာင္လိုက္ၾကပါတယ္။
Thar_Nage
Unicodeဖြင့်ဖတ်ရန်
မိုင်ပေါင်း ၈ထောင်ကျော်ဝေးတဲ့နေရာကနေ Smule appမှာ အတူတူ သီချင်းတွဲဆိုရင် ဖူးစာဆုံခဲ့တဲ့ စုံတွဲ
လူတိုင်းဟာ တစ်နေ့ ငါ ဘယ်လိုလူမျိုးနဲ့ ဖူးစာဆုံမှာလဲ၊ ငါ့ဖူးစာရှင်က ဘယ်လိုပုံစံမျိုးနဲ့ ငါ့ဆီရောက်လာမှာလည်း ဆိုတာကို အရမ်းစိတ်ဝင်စားကြပါတယ်။ တစ်ချို့ ဖူးစာတွေက အရမ်းကို ဆန်ကြယ်ပြီး မထင်မှတ်ထားတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတတ်ပါတယ်။ ယခုလည်း အသက် ၂၈နှစ်အရွယ် Bambang Irawan Alias Awan ဆိုသူနဲ့ အသက် ၂၆ နှစ်အရွယ် Arzum Balli ဟာ မိုင်ပေါင်း ၈ထောင်ကျော် ကွာဝေးတဲ့နေရာကနေ ဖူးစာဆုံခဲ့ပါတယ်။
Sosok ရဲ့ အဆိုအရ သူတို့ စုံတွဲဟာ အင်ဒိုနီးရှားတောင်းပိုင်း ဂျကာတာ နဲ့ ဩစတြီးယားနိုင်ငံ အသီးသီးမှာ နေထိုင်ကြတဲ့ ရေမြေခြားတဲ့သူတွေပါ။ ဒီလို မိုင်းပေါင် ၈ထောင်ကျော် ဝေးတဲ့နေရာကနေ တစ်ယောက်နဲ့တစ်ယောက်ဟာ Smule app မှာ သီချင်းဆိုရင် ဆုံတွေ့ခဲ့ကြပါတယ်။ Smule မှာ အတူတူ သီချင်းတွေ တွဲဆိုရင်း ၂၀၀၁၆ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ပါတယ်။
၂၀၁၇ခုနှစ်ရောက်တဲ့ အချိန်မှာတော့ Awan နဲ့ Arzum တို့ဟာ တစ်ယောက်နဲ့တစ်ယောက် မေတ္တာမျှနေကြပါပြီ။ အဲ့ဒါကြောင့် Arzum ဟာ သူ့ရဲ့ ချစ်သူကောင်လေးကို တွေ့ဖို့ အင်ဒိုနီးရှားကို အရဲစွန့်ပြီး ထွက်လာခဲ့ပါတယ်။ အင်ဒိုနီးရှားမှာရောက်မှ တစ်ယောက်နဲ့တစ်ယောက် ပထမဦးဆုံး အပြင်မှာ ဆုံဖူးတာဖြစ်ပြီး စစတွေ့ခြင်းမှာပဲ Arzum ဘက်က လက်ထပ်ဖို့အထိ လက်ခံခဲ့ပါတယ်။
မိန်းကလေးဘက်က အပြင်မှာ တစ်ခါပဲ ဆုံဖူးပြီး လက်ထပ်ဖို့အထိ သူ့အပေါ် ချစ်ခင်ယုံကြည်မှုရှိတာကြောင့် Awan တစ်ယောက် အရမ်းကို အံ့အားသင့်ခဲ့ရပါတယ်။ ပထမဦးဆုံးတွေ့တွေ့ချင်းမှာပဲ သြစတြီးယား သံရုံးကို သွားပြီး လက်ထပ်ဖို့အတွက် လိုအပ်တဲ့စာရွယ်စာတမ်းတွေ ပြုလုပ်ကာ မင်္ဂလာဆောင်ဖို့ စီစဉ်ခဲ့ပါတယ်။ အဲ့ဒီနောက် ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ရက်နေ့က ဂျကာတာမှာပဲ မင်္ဂလာဆောင်လိုက်ကြပါတယ်။
Credit:Lifestyle_Myanmar
Thar_Nage


မှတ်ချက်များ