ဟွန်ဒိုင်းက ကျပ်သိန်းတစ်ရာကျော် ကားမော်ဒယ်သစ်နှစ်မျိုး အရစ်ကျရောင်းမည်
ကိုရီးယားနိုင်ငံမှ ရန်ကုန်မြို့တွင် လာရောက်ဖွင့်လှစ်ထား သည့် ဟွန်ဒိုင်းကားအရောင်းပြ ခန်း၌ ကျပ်သိန်း တစ်ရာကျော် တန်ဖိုးရှိကားမော်ဒယ်သစ်နှစ်မျိုး ကို အရစ်ကျစနစ်ဖြင့် ရောင်းချ မည်ဟုသတင်းရရှိသည်။
Hyundai Grand i-10နှင့် Hyundai Eonတို့ကို ယခုလမှစ တင်ကာ ထပ်မံတင်သွင်းရောင်းချ သွားမည်ဖြစ် ပြီး မြန်မာနိုင်ငံ၏ လမ်းစနစ်နှင့် ကိုက်ညီသော ဘယ် မောင်းကားများဖြစ်ကြောင်း သိရသည်။
အရစ်ကျစနစ်ဖြင့်ဝယ်ယူလို ပါက မော်တော်ယာဉ် တန်ဖိုး၏ ၃၀ ရာခိုင်နှုန်း(သို့) ၄၀ရာခိုင်နှုန်း (သို့) ၅၀ရာ ခိုင်နှုန်းကိုပေးချေပြီး တစ်နှစ်(သို့) ၂နှစ်(သို့) သုံးနှစ်အရစ်ကျ ပေးသွင်း၍ အဆိုပါကားအမျိုးအစားသစ် နှစ် မျိုးကို ၀ယ်ယူနိုင်သည် ဟုဆိုသည်။
Grand i -10(AT) ကို ၁၆၉ သိန်း၊ Grand i-10LUX(AT)ကို ၁၇၉ သိန်းဖြင့်ရောင်းချမည်ဖြစ်သည်။
ဟွန်ဒိုင်းကုမ္ပဏီသည် ပြီးခဲ့သည့် စက်တင်ဘာက အခြား Brand Newအရောင်းပြခန်းများ တွင် ၀န်ဆောင် မှုမပေးသေးသည့် ကားအငှားလုပ်ငန်းကိုစတင်လုပ် ဆောင်နေပြီဖြစ်သည်။
ရန်ကုန်မြို့တွင် ဟွန်ဒိုင်းကား ကုမ္ပဏီအပြင် ကေအိုင်အေကား ကုမ္ပဏီကလည်း အရောင်းပြခန်းဖွင့်လှစ် ထားရာ ကိုရီးယားနိုင်ငံမှ နာမည်ကြီး ကားအရောင်းပြခန်းနှစ်ခုရှိပြီဖြစ်သည်။
လက်ရှိတွင် ရန်ကုန်မြို့၌ ဖွင့်လှစ်ထားသည့် Brand New ကားအရောင်းပြခန်း ၁၃ ခုမှ ကားအစီးရေ ၁,၆၀၀ ကျော် တင် သွင်းထားပြီး အရောင်းပြခန်းတစ် ခုလျှင် အစီးရေ ၃၀၀ အထိ တင် သွင်းခွင့်ပြု ထားကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ စာရင်းများမှ သိရသည်။
7day

မှတ်ချက်များ