အိန္ဒိယနိုင်ငံသား နှစ်သိန်းလောက် IS ချေမှုန်းရေးမှာ ပါဝင်လို
IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ချေမှုန်းရာမှာ လုပ်အားပေးအနေနဲ့ ပါဝင်လိုကြောင်း အိန္ဒိ ယနိုင်ငံသား အယောက် ၂၀၀၀၀၀ (နှစ်သိန်း) က လက်မှတ်ရေးထိုး စာရင်းပေးနေကြပါတယ်။
IS အဖွဲ့ရဲ့ လုပ်ရပ်တွေဟာ အစ္စလာမ်ဘာသာနဲ့ ဆန့်ကျင်နေသလို မွတ်စလင်အချင်းချင်းကိုလည်း သတ် ပစ်တာတွေ ရှိတဲ့အတွက် IS အဖွဲ့ကို တိုက်ဖျက်လိုကြောင်း ပြောဆိုထားပါတယ်။
အဲဒီအထဲမှာ အသက် ၁၂ နှစ်ရွယ် Tatheem Fatima လည်း ပါဝင်ပြီး အဲဒီကလေးမကတော့ သူ့လို Shia မွတ် စလင်တွေကို IS အဖွဲ့က သတ်ဖြတ်နေတဲ့အပေါ် မခံမရပ် ဖြစ်နေပြီး အဲဒီက ဒုက္ခရောက်တဲ့ လူတွေကို တတ်နိုင်သလောက် ကူညီချင်တယ်လို့ ပြောပါတယ်။
ဥပမာ ဆီးရီးယားနဲ့ အီရတ်လို နိုင်ငံမှာ ဒုက္ခရောက်နေတဲ့ လူတွေကို သောက်ရေပေးတာပဲဖြစ်ဖြစ် အစား အသောက် ကျွေးတဲ့နေရာမှာပဲ ဖြစ်ဖြစ် တတ်နိုင်တဲ့နေရာကနေ ကူညီလိုတယ်လို့ Tatheem Fatima က ပြောပါတယ်။
IS အဖွဲ့ကို တိုက်ခိုက်လိုသူ အယောက် နှစ်သိန်းထဲမှာ Shia မွတ်စလင်၊ ဆူနီမွတ်စလင်၊ ခရစ်ယာန်နဲ့ ဟိန္ဒူ ဘာသာတွေလည်း ပါဝင်ကြပါတယ်။
ဒါပေမဲ့ အခုလောလောဆယ်မှာတော့ လက်တွေ့လုပ်ငန်းအတွက် အသုံးဝင်မယ့် အင်ဂျင်နီယာနဲ့ ဆေးအမှု ထမ်းလို လူတွေကိုသာ ရွေးချယ်ပြီး စစ်ဖြစ်တဲ့ ဒေသကို ပို့ဆောင်မယ်လို့ သိရပါတယ်။
အစ္စလာမ်ဘာသာဟာ ချစ်ခင်ခြင်းကို သင်ပြတဲ့ ဘာသာဖြစ်ပြီး လူသတ်မှုကို ဆန့်ကျင်ကြောင်း ပြသလိုတဲ့ အတွက် IS အဖွဲ့ကို နှိမ်နင်းလိုတာဖြစ်ကြောင်းလည်း အိန္ဒိယ မွတ်စလင်တစ်ဦးက ပြောပါတယ်။
အခုလောလောဆယ် IS အဖွဲ့ဟာ အရှေ့အလယ်ပိုင်းမှာသာ လှုပ်ရှားနေပေမယ့် ပါကစ္စတန်အခြေစိုက် တာလီဘန်ကနေတဆင့် လှုပ်ရှားမှုတွေ ရှိလာတဲ့အတွက် အိန္ဒိယအာဏာပိုင်တွေသာမက တောင်အာ ရှဒေသအတွင်းမှာ စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
အိန္ဒိယနိုင်ငံသား မွတ်စလင်လူငယ်တချို့လည်း အရှေ့အလယ်ပိုင်းကို သွားပြီးတော့ IS အဖွဲ့နဲ့ ပူးပေါင်း တိုက်ခိုက်တာမျိုး ရှိနေတယ်လို့လည်း အိန္ဒိအာဏာပိုင်တွေက ပြောကြောင်း အေဘီစီ သတင်းထောက် Stephanie March က သတင်းပေးပို့ထားပါတယ်။
ABC Radio Australia

မှတ်ချက်များ