ခ်စ္ရသူနဲ႕ခိ်န္းေတြ႕တဲ႔အခါအျကည္႔သင္႔ဆံုးဇာတ္ကားအမ်ိဳးအစားသံုးခုက…


Zawgyiျဖင့္ဖတ္ရန္

ဒီလုိဇာတ္ကားေလးေတြကို ကိုယ္႔ခ်စ္ရသူနဲ႕ မျဖစ္မ ေနတူတူျကည္႔သင္႔တယ္ေနာ္…ခ်စ္သူရည္းစားေတြရုပ္ရွင္တူတူသြားျကည္႔တယ္ဆုိတာ သိပ္ေတာ႔ ထူးဆန္းတဲ႔ကိစၥမဟုတ္ပင္မဲ႔ ဒီလုိရိုးရွင္းတဲ႔အရာေလးေတြကပဲသင္တုိ႕ရဲ႕ အခ်စ္ေရးကိုပိုမိုအသက္၀င္ေစတယ္ဆုိတာ ေမ႕ ေနတတ္ျကပါတယ္…

ခ်စ္သူစံုတြဲေတြဘ၀မွာ ရုပ္ရွင္သြ ားျကည္႔တဲ႔အခါ တစ္ခ်ိဳ႕ကားေတြက အပန္းေျဖျကည့္ရံုတင္မကတဲ႔ အက်ိဳးေက်းဇူးေတြရွိနိုင္ပါတယ္။ ကားတုိင္းကေတာ႔ သူ႕အနွစ္သာရနဲ႕သူရွိပင္မဲ႔ ကိုယ္ခ်စ္တဲ႔သူနဲ႕ျကည္႔မယ္လုိ႕စဥ္းစားလုိက္တဲ႔အခါမွာေတာ႔ နွစ္ဦးသားရဲ႕ဆက္ဆံ ေရးကို ပိုျပီးေကာင္းမ ြန္လာေစနုိ္င္ျပီး တစ္ေယာက္အေျကာင္းတစ္ေယာက္ပိုသိနုိင္တဲ႔ ဇာတ္ကားအမ်ိဳးအစားေတြကို ေရြးျကည္႔တာပိုလို႕ ေကာင္းနုိင္ပါတယ္။ ဆုိေတာ႔ ဘယ္လုိ ဇာတ္လမ္းအမ်ိဳးအစားေတြကိုခ်စ္ရသူနဲ႕ တူတူျကည္႔သင္႔လဲ?

(၁) Romance Drama Movie

အခ်စ္ခန္းအျကိုက္ခန္းေတြခ်ည္းပဲ ေရြးျပတဲ႔ကားကိုဆိုလုိတာမဟုတ္ပါဘူးေနာ္။ ဇာတ္အိမ္ခိုင္မာျပီး မိသားစုဘ၀ကို အ ေျခခံတ႔ဲကားမ်ိဳး၊ အိမ္ေထာင္ေရးကိုပံုေဖာ္ျပခ်င္တဲ႔ကားမ်ိဳး၊ ေဖာက္ျပန္တဲ႔သူရဲ႕ ေနာက္ဆံုး ဆုိးက်ိဳးကို ေထာက္ျပတဲ႔ကားမ်ိဳး ဒီလိုကားမ်ိဳးေတြကို ပ်င္းတယ္ဆုိျပီးသ ြားမျကည္႔ပဲ မေနပါနဲ႕ေနာ္။ ရုပ္ရွင္ဆုိတာ လူသားတစ္ေယာက္ရဲ႕စိတ္ထဲကို တစ္ခုုခု၀င္သ ြားေအာင္ဖန္တီးေပးနုိင္တာမလို႕ ဒီလုိ ဇာတ္အိမ္ခိုင္ခိုင္ကားမ်ိဳးကို ခ်စ္သူနဲ႕တူတူျကည္႔ျပီးငါတုိ႕ နွစ္ေယာက္သာဆုိရင္ ဆုိျပီး ေတ ြးျကည္႔ ပါ။ တုိင္ပင္ျကည္႔႔ပါ ။ ဒီလိုအခ်ိန္မွာ အိမ္ေထာင္တစ္ခုအ ေပၚနွစ္ေယာက္သားရဲ႕ အျမင္ေတ ြေပၚထ ြက္လာျပီးတစ္ေယာက္စိတ္ကို တစ္ေယာက္ေကာင္းေကာင္းနားလည္လာပါလိမ္႔မယ္။

(၂) Horror Movie

ေျကာက္မက္ထိတ္လန္႕ဖ ြယ္ရာကားေတြမလို႕ အကုသိုလ္မ်ားတယ္ဆုိျပီး မျကည္႔ပဲ မေနပါနဲ႕။ ဒီလုိဇာတ္ျကမ္းေတြကို ခ်စ္သူနဲ႕တူတူျကည္႔တဲ႔အခါ ဒီလုိအ ေျခ ေနမ်ိဳးေရာက္ရင္ ဘယ္လုိျဖတ္ေက်ာ္ျကမယ္ဆုိတဲ႔ စိတ္ေလး တစ္ေယာက္မဟုတ္တစ္ေယာက္မွာ ေပၚလာတတ္ပါတယ္။ သဘာ၀လ ြန္ကားေတ ြလည္းပါနုိင္ပင္မဲ႔ စိတ္ကူးနဲ႕ ေတ ြးျပီး တုိင္ပင္ေျပာဆုိရတာရယ္၊ ဘာေတ ြဆက္ျဖစ္လာမလဲဆုိျပီးနွစ္ဦးသားခန္႕မွန္းရင္းရင္တထိတ္ထိတ္နဲ႕လက္ က ေလးကိုင္ျပီးျကည္႔ရတာ သိပ္ကို အရသာရွိပါတယ္။

(၃) Comedy Movie

ဒါကေတ႔နွစ္ဦးသားရဲ႕ပင္ပန္းႏြမ္းနယ္မႈေတြကို ေျပေစနုိင္တဲ႔အရာပါ။ ကိုယ္ခ်စ္ရတဲ႔သူနဲ႕တူတူရယ္ေမာ ေပ်ာ္ရႊင္ရတဲ႔အခ်ိန္က ဘယ္ေလာက္ေတာင္အရသာရွိလုိက္သလဲဆုိတာ ခ်စ္ဖူးျကတဲ႔သူတုိင္းသိပါတယ္။ ဒါေျကာင္႔ရယ္ေမာျပီးစိတ္ေပ်ာ္ရႊင္ရတဲ႔ ဟာသကားေလးေတ ြကို လည္းခ်စ္သူနဲ႕တူတူျကည္႔ရင္းနွစ္ကိုယ္တူျကည္နူးရတဲ႕အခ်ိန္ေလးကို ပိုင္ဆုိင္နိုင္ျကပါေစ။

Credit:trend maynamr

Unicodeဖြင့်ဖတ်ရန်

ချစ်ရသူနဲ့ချိန်းတွေ့တဲ့အခါအကြည့်သင့်ဆုံးဇာတ်ကားအမျိုးအစားသုံးခုက…

ဒီလိုဇာတ်ကားလေးတွေကို ကိုယ့်ချစ်ရသူနဲ့ မဖြစ်မ နေတူတူကြည့်သင့်တယ်နော်…ချစ်သူရည်းစားတွေရုပ်ရှင်တူတူသွားကြည့်တယ်ဆိုတာ သိပ်တော့ ထူးဆန်းတဲ့ကိစ္စမဟုတ်ပင်မဲ့ ဒီလိုရိုးရှင်းတဲ့အရာလေးတွေကပဲသင်တို့ရဲ့ အချစ်ရေးကိုပိုမိုအသက်ဝင်စေတယ်ဆိုတာ မေ့ နေတတ်ကြပါတယ်…

ချစ်သူစုံတွဲတွေဘဝမှာ ရုပ်ရှင်သွ ားကြည့်တဲ့အခါ တစ်ချို့ကားတွေက အပန်းဖြေကြည့်ရုံတင်မကတဲ့ အကျိုးကျေးဇူးတွေရှိနိုင်ပါတယ်။ ကားတိုင်းကတော့ သူ့အနှစ်သာရနဲ့သူရှိပင်မဲ့ ကိုယ်ချစ်တဲ့သူနဲ့ကြည့်မယ်လို့စဉ်းစားလိုက်တဲ့အခါမှာတော့ နှစ်ဦးသားရဲ့ဆက်ဆံ ရေးကို ပိုပြီးကောင်းမ ွန်လာစေနိုင်ပြီး တစ်ယောက်အကြောင်းတစ်ယောက်ပိုသိနိုင်တဲ့ ဇာတ်ကားအမျိုးအစားတွေကို ရွေးကြည့်တာပိုလို့ ကောင်းနိုင်ပါတယ်။ ဆိုတော့ ဘယ်လို ဇာတ်လမ်းအမျိုးအစားတွေကိုချစ်ရသူနဲ့ တူတူကြည့်သင့်လဲ?

(၁) Romance Drama Movie

အချစ်ခန်းအကြိုက်ခန်းတွေချည်းပဲ ရွေးပြတဲ့ကားကိုဆိုလိုတာမဟုတ်ပါဘူးနော်။ ဇာတ်အိမ်ခိုင်မာပြီး မိသားစုဘဝကို အ ခြေခံတဲ့ကားမျိုး၊ အိမ်ထောင်ရေးကိုပုံဖော်ပြချင်တဲ့ကားမျိုး၊ ဖောက်ပြန်တဲ့သူရဲ့ နောက်ဆုံး ဆိုးကျိုးကို ထောက်ပြတဲ့ကားမျိုး ဒီလိုကားမျိုးတွေကို ပျင်းတယ်ဆိုပြီးသ ွားမကြည့်ပဲ မနေပါနဲ့နော်။ ရုပ်ရှင်ဆိုတာ လူသားတစ်ယောက်ရဲ့စိတ်ထဲကို တစ်ခုခုဝင်သ ွားအောင်ဖန်တီးပေးနိုင်တာမလို့ ဒီလို ဇာတ်အိမ်ခိုင်ခိုင်ကားမျိုးကို ချစ်သူနဲ့တူတူကြည့်ပြီးငါတို့ နှစ်ယောက်သာဆိုရင် ဆိုပြီး တေ ွးကြည့် ပါ။ တိုင်ပင်ကြည့့်ပါ ။ ဒီလိုအချိန်မှာ အိမ်ထောင်တစ်ခုအ ပေါ်နှစ်ယောက်သားရဲ့ အမြင်တေ ွပေါ်ထ ွက်လာပြီးတစ်ယောက်စိတ်ကို တစ်ယောက်ကောင်းကောင်းနားလည်လာပါလိမ့်မယ်။

(၂) Horror Movie

ကြောက်မက်ထိတ်လန့်ဖ ွယ်ရာကားတွေမလို့ အကုသိုလ်များတယ်ဆိုပြီး မကြည့်ပဲ မနေပါနဲ့။ ဒီလိုဇာတ်ကြမ်းတွေကို ချစ်သူနဲ့တူတူကြည့်တဲ့အခါ ဒီလိုအ ခြေ နေမျိုးရောက်ရင် ဘယ်လိုဖြတ်ကျော်ကြမယ်ဆိုတဲ့ စိတ်လေး တစ်ယောက်မဟုတ်တစ်ယောက်မှာ ပေါ်လာတတ်ပါတယ်။ သဘာဝလ ွန်ကားတေ ွလည်းပါနိုင်ပင်မဲ့ စိတ်ကူးနဲ့ တေ ွးပြီး တိုင်ပင်ပြောဆိုရတာရယ်၊ ဘာတေ ွဆက်ဖြစ်လာမလဲဆိုပြီးနှစ်ဦးသားခန့်မှန်းရင်းရင်တထိတ်ထိတ်နဲ့လက် က လေးကိုင်ပြီးကြည့်ရတာ သိပ်ကို အရသာရှိပါတယ်။

(၃) Comedy Movie

ဒါကတေ့နှစ်ဦးသားရဲ့ပင်ပန်းနွမ်းနယ်မှုတွေကို ပြေစေနိုင်တဲ့အရာပါ။ ကိုယ်ချစ်ရတဲ့သူနဲ့တူတူရယ်မော ပျော်ရွှင်ရတဲ့အချိန်က ဘယ်လောက်တောင်အရသာရှိလိုက်သလဲဆိုတာ ချစ်ဖူးကြတဲ့သူတိုင်းသိပါတယ်။ ဒါကြောင့်ရယ်မောပြီးစိတ်ပျော်ရွှင်ရတဲ့ ဟာသကားလေးတေ ွကို လည်းချစ်သူနဲ့တူတူကြည့်ရင်းနှစ်ကိုယ်တူကြည်နူးရတဲ့အချိန်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

Credit:trend maynamr

မှတ်ချက်များ