

Zawgyiဖြင့်ဖတ်ရန်







Credit:trend maynamr

Unicodeဖြင့်ဖတ်ရန်

ရုပ်ရည်ကို ကျဆင်းစေတဲ့ ဆံပင်ပုံစံ အမှားများ

လူတစ်ယောက်ဟာ ဆံပင်ပုံစံေaကြာင့် ပိုကြည့်ကောင်းပြီး ပြောင်းလဲသွားတာရှိသလို ကြည့်ရဆိုးသွားစေတာမျိုးလည်း ရှိပါတယ်။ ဒါ့ကြောင့် ဆံပင်ညှပ်တော့မယ်ဆိုရင် ဘယ်လိုဆံပင်ပုံစံမျိုးက ကိုယ်နဲ့လိုက်ဖက်မှုရှိနိုင်တယ်ဆိုတာ သေချာဆုံးဖြတ်ဖို့ လိုအပ်တာပါ။ ဒါ့အပြင် ဆံပင်အရောင်ဆိုးတဲ့အခါမှာလည်း မျက်နှာကို မည်းသွားစေနိုင်တာမျိုးရှိသလို အရောင်နဲ့လိုက်ဖက်တဲ့အခါမျိုးဆိုရင်တော့ မျက်နှာကို ပိုဝင်းသွားစေတာလည်း ရှိပါတယ်။ ရုပ်ရည်ကို ပိုမိုအိုမင်းရင့်ရော်စေနိုင်တဲ့ အဖြစ်များဆုံး ဆံပင်နဲ့ ပတ်သက်တဲ့ အမှားတွေကတော့

ဆံပင်ကို သမားရိုကျ ခေါင်းတုံး ဆံတောက် အတိုညှပ်တာဟာ လူတိုင်းနဲ့ လိုက်ဖက်ဖို့ မလွယ်ပါဘူး၊ ပိုရုပ်ဆိုးသွားစေတတ်ပါတယ်။

ရှည်လျားလွန်းနေတဲ့ ဆံပင်ထားခြင်းကလည်း စဉ်းစားသင့်တဲ့အရာပါ။ အရမ်းရှည်လျားတဲ့ ဆံပင်ဟာ လူကို အောက်ဆွဲချလိုက်သလိုကို အရွယ်ကျစေပါတယ်။

မည်းနက်နေတဲ့ ဆံပင်အရောင်ကလည်း သင့်ကို ပိုမိုအိုမင်းသလို ဖြစ်စေပါတယ်။

အသားအရေနဲ့ တစ်ရောင်တည်းရှိတဲ့ ဆံပင်က လူကို ရှိရင်းစွဲအသက်ထက်ကို ကြီးရင့်တဲ့ လက္ခဏာပြပါတယ်။

ဆံပင်ဖြူကို ဘယ်လုပ်ရမှန်းမသိဖြစ်နေခြင်းမျိုးကိုလည်း ရှောင်သင့်ပါတယ်။ နှုတ်ရင်နှုတ်၊ မနှုတ်ရင်လည်း အရောင်ဆိုးပစ်လိုက်ပါ။

Credit:trend maynamr

မှတ်ချက်များ