ပဋိပက္ခတွင်းလိင်မှုအကြာမ်းဖတ်တဲ့နိုင်ငံတွေထဲမြန်မာပါဝင်

၂၀၁၃ ခုနှစ်မှာ ဖြစ်ပွားတဲ့ လက်နက်ကိုင်ပဋိပ က္ခတွေအတွင်း အဓမ္မ ပြုကျင့်မှုတွေနဲ့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေ လုပ်နေတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံရဲ့ အမည်ကို ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းရဲ့ အစီရင်ခံစာ သစ်ထဲမှာ ထုတ်ပြန်ကြေညာလိုက်ရာမှာ အဲဒီ နိုင်ငံတွေ ထဲမှာ မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆီးရီးယားနဲ့ ဗဟို အာဖရိက သမ္မတနိုင်ငံ တို့လည်း အပါအဝင် ဖြစ် တယ်လို့ ဖော်ပြထားပါတယ်။

ဒီ၂၁ နိုင်ငံဟာ ဥရောပ၊ အာရှ၊ အာဖရိက၊ တောင်အမေရိကနဲ့ အရှေ့ အလယ်ပိုင်း ဒေသတွေမှာ ရှိကြတဲ့ နိုင်ငံတွေ ဖြစ်တဲ့အတွက် ဒီလို ရာဇဝတ်မှုတွေကို ကမ္ဘာတ၀န်းမှာ ကျူးလွန်နေကြတယ် ဆိုတာကို ဖော်ပြနေတယ်လို့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးနှိမ်နှင်းရေးဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဇီးနက်ဘ် ဟာဝါ ဘန်ဂူရာက သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်နွယ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် အခုအခါ ကမ္ဘာ့နိုင်ငံတွေက နိုင်ငံရေးအရ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆောင်ရွက်နေပေမယ့် ကိုယ့်နိုင်ငံအလိုက်၊ ဒေသအလိုက် ထပ်မံ အရေးယူ ဆောင်ရွက်ဖို့ လိုနေသေးတယ်လို့လည်း အဲဒီ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံအတွင်း ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေမှာ အရင်ကရော အခုအချိန်မှာပါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ ရှိနေတာကို ထိထိရောက်ရောက် စုံစမ်း အရေးယူဖို့ မြန်မာ အစိုးရကို တိုက်တွန်းထားပါတယ်။

ဘီဘီစီ

မှတ်ချက်များ