ရွှေနဲ့ ပြုလုပ်ထားတဲ့ ဈေးအကြီးဆုံး ဖုန်စုပ်စက်


ချမ်းသာကြွယ်ဝသူတွေရဲ့ ဂုဏ်ပုဒ်နဲ့ ညီတဲ့ အသုံးအဆောင် ပစ္စည်း တစ်မျိုးကို ထုတ်လုပ် လိုက်ပြီ ဖြစ်ပါတယ်။ ဒီပစ္စည်း ကတော့ ဖုန်စုပ်စက် ဖြစ်ပါတယ်။ ကော်ဇောနီ ခင်းထားတဲ့ ကြမ်းခင်းတွေ၊ ရွက်လှေနဲ့ ဇိမ်ခံမှန်လုံကားကြီးတွေ အတွက် အသုံးပြုဖို့ ထုတ်လုပ် ထားခြင်း ဖြစ်ပါတယ်။ ဘီလီယံနာ သူဌေးတွေဟာ ကိုယ်နေထိုင်တဲ့ အဆင့် အတန်းနဲ့ လိုက်ပြီး ခေတ်မီ ဇိမ်ခံ ပစ္စည်းတွေ ၀ယ်ယူ အသုံးပြုလေ့ ရှိပါတယ်။

ဒါကြောင့် ချမ်းသာတဲ့ သူတွေ အတွက် ပစ်မှတ်ထားပြီး ကမ္ဘာ့ဈေး အကြီးဆုံး ဖုန်စုပ်စက်ကို ထုတ်လုပ် လိုက်တာ ဖြစ်ပါတယ်။ ဒီဖုန်စုပ်စက်ကို (၂၄)ကာရက် ရှိတဲ့ ရွှေအစစ်နဲ့ ပြုလုပ် ထားတာ ဖြစ်ပြီး တန်ဖိုးကတော့ ပေါင် ( ၈၀၀၀၀၀) ရှိပါတယ်။ ကြော်ငြာထဲမှာတော့ ဈေးအကြီးဆုံး ဖုန်စုပ်စက် ဖြစ်ကြောင်း၊ အလေးချိန် အားဖြင့် ( ၇ ဒသမ ၅ ) ကီလို ရှိကြောင်း ဖော်ပြ ထားပါတယ်။ ဒီပစ္စည်းကို အကန့်အသတ်နဲ့သာ ထုတ်လုပ်ခြင်း ဖြစ်ပြီး စုစုပေါင်း (၁၀၀) သာ ရောင်းချ သွားမှာ ဖြစ်ပါတယ်။

ဖုန်စုပ်ရာမှာ အကောင်းဆုံး ဖြစ်စေဖို့ ပြုလုပ် ပေးထား သလို တစ်သက်တာ အသုံးပြု သွားနိုင်တဲ့ ပစ္စည်း အဖြစ်လည်း အာမခံထားပါတယ်။ တန်ဖိုးကြီး ပေးထား ရတာကြောင့် ထိုက်တန်တဲ့ ၀န်ဆောင်မှုမျိုး ပြန်ရမှာ ဖြစ်သလို ကိုယ့်ရဲ့ ပိုင်ဆိုင်မှု ဘယ်လောက် ရှိကြောင်း ပြသနိုင်တဲ့ ပစ္စည်း ဖြစ်တာကြောင့် ချမ်းသာသူတွေ အတွက် ၀ယ်ယူသင့်တဲ့ ပစ္စည်း ဖြစ်ကြောင်း ကြော်ငြာမှာ ဖော်ပြ ထားပါတယ်။

messenger

မှတ်ချက်များ