ကားတွေက ထွက်သည့် မီးခိုးတွေကြောင့် မြို့နေလူများ အရေပြား မြန်မြန်အိုမင်း


ကားတွေက ထွက်သည့် ဒီဇယ်အခိုးအငွေ့များသည် ၀န်းကျင်တွင် နေထိုင်သူများ၏ အရေပြားကို မြန်မြန် အိုမင်းစေသည်ဟု လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။ကားများ၏ အင်ဂျင်များက မှုတ်ထုတ်သည့် လေထုညစ်ညမ်း မှုန်ငယ်လေးများသည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားစေရုံသာမက အရေပြားကိုလည်း အညိုအမည်းကွက် များထွက်စေသလို၊ မြန်မြန်လည်း ခြောက်သွေ့ပျက်စီးစေနိုင်ကြောင်း သိရသည်။ ကားပေါသော မြို့များတွင် နေထိုင်သူများ ထိုဒဏ် အခံရဆုံးဟု စစ်တမ်းက ဖော်ပြသည်။

ကျေးလက်နေများနှင့် ယှဉ်လျှင် ရွယ်တူမြို့နေများ အရေပြား ပိုအိုမင်းသည်ဟု စစ်တမ်းက ဆိုသည်။
လေ့လာသုတေသနကို ဂျာမနီနိုင်ငံ ဒူဆီဒေါ့ဖ်မြို့ရှိ သဘာဝ ပတ်ဝန်းကျင် ဆေးပညာဆိုင်ရာ လိုင်ဘ်နစ်ဇ် သုတေသန သိပ္ပံမှ ပါမောက္ခ ယန်းကာ့မန်းနှင့်အဖွဲ့က ပြုလုပ် ထားခြင်းဖြစ်သည်။ ကားမီးခိုးညစ်ညမ်းမှုန် များကြောင့် မြို့ခံများ၏ ကျန်းမာရေး ထိခိုက်ပုံ ယခင် စစ်တမ်း ငါးစောင်ကို ပြန်ပေါင်းခြုံ သုံးသပ်ကာ စစ်တမ်းသစ် ထုတ်ပြန်ခြင်း ဖြစ်သည်။ ဂျာမနီတွင် လုပ်ထားသော စစ်တမ်း နှစ်စောင်နှင့် တရုတ်တွင် လုပ်ထားသော စစ်တမ်း သုံးစောင် ပါဝင်သည်။

““လေထု ညစ်ညမ်းမှုများတဲ့ မြို့မှာ နေသူတွေဟာ အရေပြားမှာ အဖုအပိန့် အမည်းအကွက်တွေ ပိုထွက်တာ တွေ့ရပါတယ်။ ဒါဟာ အရေပြား မြန်မြန် အိုမင်းပျက်စီးခြင်း လက္ခဏာတွေပါ””ဟု ပါမောက္ခ ကာ့မန်းက ပြောသည်။

messenger

မှတ်ချက်များ