အသက်(၂) နှစ်မှ (၁၂) နှစ်အရွယ် ကလေးများရှိသော မိဘ အယောက် (၈၀၀) ကို လေ့လာကြည့်ရာ မိဘတစ်ဝက်ခန့်က ကလေးများ ပြောမရပါက တဲဘလက်ကို သိမ်းပြီး တီဗီထိုင်ကြည့် ခိုင်းခြင်းဖြင့် အပြစ်ပေးကြောင်း သိရသည်။
(၅၇) ရာခိုင်နှုန်းသော မိဘများက ကလေးများသည် တီဗီထက်ဖုန်းနှင့် တဲဘလက်ကဲ့သို့သော ကိရိယာ အသေးစားလေးများကို ပိုကြိုက်ကြောင်း ပြောကြားခဲ့သည်။ ကလေးများ၏ ပြောစကားအရ ကိရိယာ အသေးစားများမှာ သယ်ရလွယ်ကူခြင်း၊ ကိုင်တွယ် ထိတွေ့နိုင်ခြင်း၊ အသုံးပြုရ လွယ်ကူခြင်း၊ လွတ်လပ်သည် ဟုခံစားရခြင်းနှင့် ကြည့်ပြီး တစ်ခါကြည့်ချင်ပါက ထပ်ကာထပ်ကာ ပြန်ကြည့်နိုင်ခြင်း တို့ကြောင့် ကြိုက်နှစ်သက် ရခြင်းဖြစ်ကြောင်း သိရသည်။
(၅၈)ရာခိုင်နှုန်းသော ကလေးများတွင် တဲဘလက် ကိုယ်စီရှိကြပြီး (၄၁) ရာခိုင်နှုန်းမှာ တဲဘလက် သုံးနေရပါက မုန့်ပင် မစားဘဲ နေနိုင်ကြသည်ဟု ဆိုသည်။ တကယ်တော့ တီဗီက စိတ်ပျက်ဖို့ကောင်းတယ်ဟု ကလေးတစ်ယောက်က ပြောသည်။
messenger

မှတ်ချက်များ