လိင်ကုန်ကူးခံရသူတွေ ကူညီမှုမရ
သြစတြေးလျနိုင်ငံမှာ လိင်မှုဆိုင်ရာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသူ ၅၀% ကျော်ဟာ အစိုးရရဲ့ ကူညီထောက်ပံ့မှု မရကြဘူးလို့ ဆိုပါတယ်။
သြစတြေးလျ အစိုးရ ရဲတွေကို ပေးထားတဲ့ လုပ်ပိုင်ခွင့်ထဲမှာ လူကုန်ကူးခံရသူတွေလို့ သံသယရှိသူကို အစိုးရထောက်ပံ့ကြေး ပေးခွင့် မပေးခွင့်ဆိုတဲ့ အာဏာ ရှိနေပါတယ်။
အစိုးရ အထောက်အပံ့နဲ့ သွားနေတဲ့ ကြက်ခြေနီအသင်းက ပေးတဲ့ ဆေးဝါး၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ နေရာထိုင်ခင်း၊ နေထိုင်မှုစားရိတ်နဲ့ အင်္ဂလိပ်စာ သင်တန်းတွေကို ရရှိလိုတယ်ဆိုရင် လိင်ကုန်ကူးခံရသူတွေဟာ တရားစွဲဆိုရေးတွေမှာ ကိုယ်တိုင် ပါဝင်ရမယ်လို့ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာရေး နှစ်ရဲ့ ထုတ်ပြန်ချက်အရ အမျိုးသမီး ၈၈ ဦးမှာ ၄၆ ဦးဟာ အစိုးရ ထောက်ပံ့ကြေး မရဘူးလို့ သိရပါတယ်။
Katri Uibu / ABC Radio Australia

မှတ်ချက်များ