အတူတကွ ကလေးထိန်းကျောင်းကြတဲ့ စုံတွဲတွေဟာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး နဲ့ အိမ်ထောင်ရေးသုခကို ပိုင်ဆိုင်ကြ
လတ်တလောလေ့လာတွေ့ရှိချက်အရ အမျိုးသားအမျိုးသမီးတွေ လက်ထပ်ပြီးတဲ့အခါ မိဘတာဝန်တွေကို အတူတူဝေမျှ ဆောင်ရွက်ကြတဲ့ စုံတွဲတွေမှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးအပြင် ပိုမိုကောင်းမွန်တဲ့ အိမ်ထောင်ရေးသုခကိုလည်း ရရှိခံစားကြရကြောင်း တွေ့ရှိရပါသတဲ့။
ရိုးရာဓလေ့အတိုင်း အိမ်ထောင်စုတစ်ခုရှိ ဘ၀တစ်လျှောက် ဆက်ဆံရေးနဲ့ အိမ်ထောင်ရေးသုခတွေအပေါ် သက်ရောက်မှုရှိနေတဲ့ အိမ်သားတွေရဲ့ လုပ်ငန်းတာဝန်တွေကို ပြီးခဲ့တဲ့ လေ့လာမှုတွေအပေါ်အခြေခံပြီး လေ့လာမှုအသစ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
“ ကလေးငယ် ပြုစုစောင့်မှုအတွက် အရေးအကြီးဆုံး ရှာဖွေတွေ့ရှိမှုတစ်ခုကတော့ စုံတွဲတွေရဲ့ ဆက်ဆံရေးနဲ့ အိမ်ထောင်ရေးသုခခံစားရမှုတွေဟာ မိခင်တစ်ဦးတည်းကသာ ကလေးရဲ့ဝေယျာဝိစ္စအားလုံး လုပ်ရခြင်းက တကယ့်အတားအဆီးတစ်ခု ဖြစ်နေတာပဲ ဖြစ်ပါတယ်” လို့ Georgia State University မှ လူမှုဗေဒဌာန လက်ထောက်ပါမောက္ခဖြစ်သူ Daniel Carlson က ထုတ်ဖော်ပြောကြား ထားပါတယ်။
လေ့လာမှုပြုလုပ်စဉ် ပါဝင်တဲ့ ကလေးသူငယ် ပြုစုစောင့်ရှောက်မှု လုပ်ငန်းတွေမှာ ကလေးတွေအတွက် စည်းမျဉ်းစည်းကမ်းချမှတ်ပေးခြင်း၊ အောင်မြင်မှုအတွက် အားပေးချီးမြှောက်ခြင်းနဲ့ ကလေးငယ်များနဲ့အတူ ဆော့ကစားခြင်းတို့ ထည့်သွင်းထားပါတယ်။
လေ့လာမှုအရ ဖခင်တွေဟာ လင်မယားဆက်ဆံရေးကို ထိခိုက်မှုလုံးဝမရှိဘဲ ကလေးငယ်ထိန်းသိမ်းစောင့်ရှောက်မှုတွေကို အများကြီးလုပ်ဆောင်နိုင်ကြောင်း Carlson က သူ့ရဲ့စာတမ်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ကလေးငယ်အတွက် အတူတကွပြုစုစောင့်ရှောက်ကြတဲ့ စုံတွဲတွေဟာ မိခင်တစ်ဦးတည်း တာဝန်ယူထိန်းသိမ်းစောင့်ရှောင့်တဲ့ စုံတွဲတွေထက် အိမ်ထောင်ရေးသုခ ခံစားတဲ့အခါမှာလည်း ပိုမိုကျေနပ်မှုများရရှိကြပါသတဲ့။
“ ကျွန်တော်တို့က ကလေးငယ်တွေနဲ့အတူ အားကစား၊ဂိမ်းစတဲ့ ပြေးလွှားဆော့ကစားရတဲ့ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတစ်ခုကိုပဲ ပြုလုပ်ခဲ့တာဖြစ်ပြီး ရေချိုးပေးတာ၊ အစားအသောက်ကျွေးတာတွေတော့ မပါပါဘူး။ ကျွန်တော်တို့အနေနဲ့ ဒီစုံတွဲတွေဟာ အကောင်းဘက်ကနေတွေးပြီး အတူတကွ ဝေမျှဆောင်ရွက်နေကြတဲ့ အကြောင်းကို နားလည်နိုင်ဖို့ ကြိုးစားနေကြပါတယ်” လို့ Carlson က ဆိုပါတယ်။
Michelle - သစ်ထူးလွင်
Ref : Upi
မှတ်ချက်များ