အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပါက သမိုင်းထဲကပုဂံ အနာဂတ်တွင် ပျောက်ကွယ်သွားနိုင်ဟု ပုဂံချစ်သူအဖွဲ့ဥက္ကဋ္ဌဆို


ပုဂံရှေး ဟောင်းဇုန်ဒေသရှိ ရှေးဟောင်း အ ဆောက်အအုံများနှင့် ဘုရားများအား ထိရောက်စွာ ပြုပြင်နိုင်ခြင်းမရှိသ ဖြင့် အင်အားပြင်း ငလျင်လှုပ်ခတ် ခဲ့ပါက သမိုင်းထဲကပုဂံမှာ အနာ ဂတ်တွင်ပျောက်ကွယ်သွားနိုင်သည် ဟု ပုဂံချစ်သူအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင် အောင်က ပြောသည်။

''ပုဂံကရှေးဟောင်းအဆောက် အအုံတွေကို ထိရောက်စွာပြုပြင်ထားတာမတွေ့ရဘူး။ လက်ရှိတချို့ ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေ အဆောက်အအုံတွေ ပျက်စီးနေ တာတွေ ဖြစ်နေပါတယ်။ အင်အား ပြင်းငလျင်လှုပ်ခဲ့ရင် ရှေးဟောင်း အမွေအနှစ်တွေပျက်စီးပြီး ပုဂံ ဆိုတာသမိုင်းထဲမှာပဲ ရှိတော့မှာဖြစ် ပါတယ်''ဟု ၎င်းက ဆက်လက်ပြော သည်။

ငလျင်ပြတ်ရွေ့ကြောတစ်ခု သည် ငလျင်တစ်ကြိမ်လှုပ်ခတ်ပြီး လျှင် နောက်တစ်ကြိမ်ပြန်လှုပ်ခတ် ရန် အားစုနေချိန်ဖြစ်ပြီး အားစု ချိန်ကြာလာသည်နှင့်အမျှအင်အား ပြင်းထန်လေ့ရှိကြောင်း၊ ငလျင်ဆို တာက ကြိုတင်ခန့်မှန်းလို့မရတဲ့ သဘာဝဘေးအန္တရာယ်တစ်မျိုး ဖြစ် သည့်အတွက် ငလျင်လှုပ်နိုင်ခြေရှိ သည့် ငလျင်ပြတ်ရွေ့ကြောဒေသ များရှိ ပြည်သူများအနေဖြင့် သတိ ပြုလိုက်နာမှုများ၊ ကြိုတင်ပြင်ဆင် ထားရန် လိုအပ်ကြောင်း မန္တလေး တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလ ဗေဒဌာန ညွှန်ကြားရေးမှူး ဦး ကျော်လွင်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၇၅ ခုနှစ် မှ ယနေ့အထိ အင်အားပြင်းငလျင်ရှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး ၂၀၁၁ ခုနှစ် တာလေမြို့တွင် လှုပ်ခတ်ခဲ့သည့် အင် အားရစ်ခ်ျစတာစကေး ရ ဒသမ ဝ ရှိသည့် ငလျင်သည် အင်အား အ ပြင်းဆုံးဖြစ်ပြီး လူ ၇၆ ဦး သေဆုံး ခဲ့သည်။

''၁၉၇၅ ခုနှစ်က ငလျင်အ ကြီးကြီးလှုပ်ခဲ့တယ်။ အဲဒီအချိန်ကပုဂံက ရှေးဟောင်းအဆောက်အ အုံတွေ ပျက်စီးပြိုကျတာတွေ ဖြစ်ခဲ့ တယ်။ အခုအချိန်က ပွင့်လင်းရာ သီဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပ ဧည်သည့်တွေ အများအပြားလာ ရောက်လည်ပတ်နေတယ်။ ပြုပြင် ထိန်းသိမ်းမှုတွေ စနစ်တကျခိုင်ခံ့ အောင် ပြုလုပ်မထားလို့ အင်အား ပြင်းငလျင်ထပ်လှုပ်ခဲ့ရင် မထင်မှတ် တာတွေဖြစ်လာနိုင်တယ်။ ငလျင် ကြီးထပ်လှုပ်ရင် စိုးရိမ်ရတဲ့ အနေ အထားပါ။ ထိရောက်တဲ့ပြုပြင်ထိန်း သိမ်းမှုတွေလုပ်ဆောင်ဖို့လိုပါတယ်'' ဟု ပုဂံချစ်သူအဖွဲ့ဥက္ကဋ္ဌ ဦးမင်း နိုင်အောင်က ပြောသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂ရ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၅ မိနစ်တွင် မန္တလေးမြေငလျင် စခန်းမှ အနောက်မြောက်ဘက် မိုင် ၉၀ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မုံရွာမြို့၏ အနောက် မြောက်ဘက် ၃၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျစတာစ ကေး ၅ ဒသမ ၄ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားသည်ကို တိုင်း ထွာရရှိကြောင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်းရှိ နေရာ ၁၀ နေရာတွင် ရိုက်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန မန္တလေးတိုင်း ဒေသကြီးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးသန်းဇော်က ပြောသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ စတင်၍ လှုပ်ခတ်ခဲ့သည့် ငလျင် များတွင် နိုဝင်ဘာ၂ရ ရက်က လှုပ် ခတ်ခဲ့သည့် ငလျင်သည်အင်အား အပြင်းဆုံးငလျင်ဖြစ်ပြီး ဩဂုတ် ၁၅ ရက်နေ့၊ မိုးကုတ်မြို့တွင် လှုပ်ခတ် ခဲ့သည့် အင်အား ရစ်ခ်ျစတာစကေး ၄ ဒသမ ၉ အဆင့်ရှိ ငလျင်သည် ဒုတိယအင်အားအပြင်းဆုံးဖြစ် ကြောင်း သိရသည်။

THKK / ‎Democracytoday‬

မှတ်ချက်များ