တစ်ရက်ကို ဒေါ်လာ ၂၀၀ အထိ ၀င်ငွေရှိတဲ့ ကနေဒါမိုးမျှော်တိုက် မှန်သန့်ရှင်းရေးလုပ်သားများ




မှန်သန့်ရှင်းရေးဆိုတာက ခက်ခဲပြီး စိန်ခေါ်မှုအပြည့်ရှိတဲ့အလုပ်မျိုးလို့ ခေါင်းစဉ်တပ်ရင်တော့ မိုးမျှော်တိုက်တွေရဲ့ မှန်တွေကို သန့်ရှင်းရေးလုပ်ရမယ့် အလုပ်မျိုးကတော့ ဘယ်လောက်ခက်ခဲမယ်ဆိုတာ အထူးအထွေရှင်းလင်းနေဖို့ လိုမယ်မထင်ပါဘူး။

ကနေဒါနိုင်ငံ တိုရန်တိုက ကမ္ဘာ့အမြင့်ဆုံးစာရင်းဝင် မိုးမျှော်တိုက်တွေမှာ ကြိုးနဲ့ချိတ်ပြီး မှန်သန့်ရှင်းရေးလုပ်ရမယ့်အလုပ်တွေအတွက်တော့ တစ်ရက်ကို ဒေါ်လာ ၂၀၀ အထိ လုပ်ခရနိုင်ပါတယ်။

ဒီလုပ်သားတွေအတွက် မိုးမျှော်တိုက်အမြင့်တွေကသာ အခက်အခဲကြုံစေတာမဟုတ်ဘဲ အမြင့်ပိုင်းမှာရှိတတ်တဲ့ ပိုးကောင်အုပ်စုတွေ၊ လေတိုက်နှုန်းတွေကလည်း သူတို့အတွက် အန္တရာယ်ဖြစ်စေတတ်ပါတယ်။

ဒီအလုပ်အတွက် လျှောက်ထားသူတွေကို ပထမအဆင့်အနေနဲ့ မီတာ ၃၀၀ အမြင့်မှာ ကြိုးတန်းလန်းနဲ့ နေနိုင်သူတွေဖြစ်၊ မဖြစ်ဆိုတာ စမ်းသပ်ပြီး အဲဒီအဆင့်ကို ၁၀ ယောက်မှာ ၁ ယောက်ကတော့ မကျော်ဖြတ်နိုင်ဘူးလို့ သိရကာ တကယ်လုပ်ငန်းခွင်ဝင်ချိန်မှာတော့ အဆောက်အဦအကြီးတွေမှာ အဖွဲ့နဲ့လုပ်ရပြီး အဆောက်အဦအသေးတွေမှာ တစ်ယောက်ထိုင် ကြိုးထိုင်ခုံတွေနဲ့ ပေ ၃၀၀ အမြင့်မှာ လုပ်ငန်းခွင်ဝင်ကြရပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ