ပဏာမ မြန်မာ့လက်ရွေးစင်အသင်းအတွက် ကစားသမားငါးဦး ထပ်မံအားဖြည့်

နည်းပြချုပ်ဂတ်ဖရိုင်းဒရစ်နှင့် ပဏာမမြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအား တွေ့ရစဉ်
(ဓာတ်ပုံ − MFF)
ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် နိုင်ငံတကာခြေစမ်းပွဲများယှဉ်ပြိုင် မည့် မြန်မာ့လက်ရွေးစင်အသင်း အတွက် လက်ရှိရွေးချယ်ထား သည့် ပဏာမလက်ရွေးစင် ၂၉ ဦး အပြင် ကစားသမားသစ်ငါးဦးကို ထပ်မံအားဖြည့်ရွေးချယ်ခဲ့ကြောင်း သတင်းရရှိသည်။

နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် ထပ်မံရွေးချယ်ခဲ့သည့် ကစားသ မားငါးဦးသည် ရတနာပုံအသင်းမှ ဂိုးသမားရန်အောင်လင်းနှင့် ကွင်း လယ်လူ ၀င်းနိုင်စိုး၊ ဟံသာဝတီ အသင်း၏ နောက်ခံကစားသမား ကျော်ကျော်ထွန်း၊ ကွင်းလယ်က စားသမားများဖြစ်သည့် Horizon မှ ညီညီထွန်းနှင့် မကွေးအသင်းမှ နိုင်နိုင်ကျော်တို့ဖြစ်သည်။

ပဏာမမြန်မာ့လက်ရွေးစင် အသင်းသည် လက်ရှိတွင် တစ် ပတ်လျှင်တစ်ကြိမ်လေ့ကျင့်လျက် ရှိသော်လည်း မတ်လ ၁၄ ရက်မှစတင်ကာ စခန်းသွင်းလေ့ကျင့်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်သည် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ရည်ရွယ်၍ ကစားသမား ၂၉ ဦး ပါဝင်သည့် ပဏာမ မြန်မာ့လက်ရွေးစင်အ သင်းလူစာရင်းကို ပြီးခဲ့သည့် ဇန်န ၀ါရီ ၃၀ ရက်က ထုတ်ပြန်ခဲ့ပြီး ပဏာမလက်ရွေးစင်ကစားသမား ၃၄ ဦးရှိသွားပြီဖြစ်သည်။ မြန်မာ့ လက်ရွေးစင်အသင်း၏ အပြီး သတ်လူစာရင်းကို မတ်လ ၇ ရက်တွင် ထုတ်ပြန်မည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းရရှိသည်။

မြန်မာအသင်းသည် မတ်လ ၂၃ ရက်တွင် စင်ကာပူအသင်းနှင့် စင်ကာပူနိုင်ငံ၌ ခြေစမ်းကစား မည်ဖြစ်ပြီး မတ်လ ၂၉ ရက်တွင် ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအ ဆင့် ခြေစစ်ပွဲနောက်ဆုံးပွဲအဖြစ် လက်ဘနွန်အသင်းနှင့် အဝေး ကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းကို အဓိကပြင်ဆင်နေခြင်းဖြစ်သည်။

ဆူဇူကီးဖလား အကြိုပြင် ဆင်မှုအဖြစ် လာမည့် ဇွန်လအတွင်း၌ မြန်မာ၊ ဗီယက်နမ်၊ စင်ကာပူနှင့် ဟောင်ကောင်အသင်း တို့ ပါဝင်ယှဉ်ပြိုင်ကြမည့် လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို လည်း လက်ခံကျင်းပမည်ဖြစ် သည်။

ဘိုဘိုမင်း | 7day

မှတ်ချက်များ