ဂီတသက်တမ်း ၁၆ နှစ်ကျော်မှာ လေးခွေမြောက်တစ်ကိုယ်တော် အခွေကို ပရိသတ်တွေအတွက် မကြာခင် ထွက်ရှိပေးတော့မယ့် အဆိုတော် Rဇာနည်ရဲ့ ‘ကမ္ဘာ သား’ စီးရီးအကြောင်းနဲ့ ဂီတလောကမှာ ရပ်တည်လာခဲ့တဲ့အ တွေ့အကြုံတချို့ကို မေးမြန်း ထားပါတယ်။
ကိုဇာနည်ရဲ့ ‘ကမ္ဘာသား’အခွေအ ကြောင်း ပြောပြပေးပါဦး။
အခွေနာမည်က ကမ္ဘာသား ပါ။ ဖေဖော်ဝါရီ ၂၃ ရက်မှာ ဖြန့်ချိ ပေးမှာပါ။ ဒီအခွေမှာ Own Tune သီချင်း ၁၃ ပုဒ်ပါတယ်။ တေးရေး ဆရာ စုစုပေါင်း ၁၂ ယောက်က ရေးပေးထားတယ်။ သီချင်းသွင်း ထားတဲ့ စတူဒီယိုတွေကလည်း အများကြီးပဲ။ ကျွန်တော်သေချာ လေး စီစဉ်ထားပါတယ်။
ဒီနောက်ပိုင်းမှာ တစ်ကိုယ်တော် အခွေထွက်ရှိဖို့ အချိန်တွေကြန့် ကြာနေတာကကော ဘာကြောင့် ပါလဲ။
အခွေစီစဉ်ဖို့က ကျွန်တော် တစ်ဦးတစ်ယောက်တည်း မအား တာတော့ မဟုတ်ဘူး။ အားလုံး လိုလိုက အလုပ်တွေမအားကြ တော့ ဒီအခွေအတွက် အလုပ် တစ်ခုကို ဖြည်းဖြည်းချင်းလုပ်တဲ့ သဘောပေါ့နော်။ ကျွန်တော်ဆို ရင် သီချင်းတွေဆိုနေရင်းနဲ့ ဒီအ ခွေကို စီစဉ်ရတာ ဖြစ်တယ်။ ကျန်တဲ့သူတွေလည်း ထိုနည်းလည်း ကောင်းပဲဆိုတော့ တစ်ခွေနဲ့တစ် ခွေ ကြာသွားတာပါ။ ကျန်တဲ့ အလုပ်မလုပ်ဘဲ အခွေပဲ ထိုင် ထုတ်နေမယ်ဆိုရင်တော့ တစ်နှစ် တစ်ခွေထုတ်လို့ရမှာပါ။
ဒီအခွေဝယ်ယူတဲ့ ပရိသတ်တွေ အတွက် ပရဟိတဆောင်ရွက်မယ့်အကြောင်းလေးကိုလည်း ပြောပြပေးပါဦး။
ဒီအခွေဝယ်ယူအားပေးတဲ့ ပရိသတ်ကြီးနဲ့ ကျွန်တော်နဲ့အတူ တူတွဲပြီး ကုသိုလ်ကောင်းမှုလုပ် တဲ့ သဘောပါပဲ။ သူတို့လည်း ကျွန်တော့်အနုပညာသက်တမ်းတစ် လျှောက် အစဉ်တစိုက်အားပေး လာတာဖြစ်တဲ့အတွက် သူတို့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီအခွေ ဝယ်ယူတဲ့ ပရိသတ်တွေဆီကရ တဲ့ပိုက်ဆံကို ကမကထလုပ်ပြီး လှူပေးတဲ့သဘောပါ။ ကျွန်တော့် သီချင်းလေးတွေလည်း နားထောင်စေချင်တာပါတာပေါ့ဗျာ။
ဒီအခွေထဲက သီချင်းတွေကကော အရင် ကိုဇာနည်ဆိုနေကျဖြစ်တဲ့ သီချင်းပုံစံမျိုးတွေပဲလား။ ထူးထူး ခြားခြား ဘယ်လိုတင်ဆက်ထား တာတွေပါဝင်ပါသေးလဲ။
ဒီအခွေထဲမှာ များသောအား ဖြင့် ကိုယ်ဆိုနေကျပုံစံဘောင်ထဲ မှာပဲ သီချင်းတေးရေးဆရာတွေ က ရေးပေးကြတယ်။ ဒါပေမဲ့ သူ တို့ရဲ့ ဟန်လေးတွေနဲ့ ရေးတာ ပေါ့။ တေးရေးဆရာ ၁၂ ယောက် ရှိရင် ၁၂ ယောက်က သူတို့ရဲ့ ကိုယ်ပိုင်ဟန်တွေရှိကြတော့ သူ တို့ဟန်နဲ့ ကိုယ့်ရဲ့ဆိုပေါက်နဲ့တွဲ ပြီးတော့ ပရိသတ်တွေအတွက် စီစဉ်ပေးထားပါတယ်။ ဒီအခွေက လေးခွေမြောက်ပါ။ အက်စစ် (Acid အဖွဲ့ စတင်ခြင်းတေးစီးရီး) က ၂၀၀၀ မှာ စထွက်ခဲ့တာဆို တော့ ကျွန်တော့်ဂီတသက်တမ်း က ၁၆ နှစ်ရှိပါပြီ။
ဂီတလောကမှာ အချိန်ကြာကြာ ရပ်တည်လာခဲ့ပြီး ဒီနေ့အထိ အောင်မြင်နေတဲ့ အဆိုတော်တစ် ယောက်လည်းဖြစ်တော့ ကြုံတွေ့ လာရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါ။
ဟိုအရင်ကလောက်တော့ သိပ်ပြီးအခက်အခဲတွေမရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ် တို့က ဒီသဘောတရားတွေကို အ ရင်ကထက်စာရင် နားလည်လာ တယ်။ သိလာတဲ့အခါကျတော့ ချင့်ချိန်ပြီးတော့ အလုပ်တွေကို လက်ခံလာတယ်။ ဒီလိုလုပ်လာ တဲ့အတွက် အခက်အခဲတွေက တော့ လျော့လာပါတယ်။
ဒီအခွေရဲ့ MTV ကိုကော ဘယ်လိုပုံဖော်ရိုက်ကူးသွားဖို့ရှိပါသလဲ။
MTV ကိုလည်း အကောင်း ဆုံးရိုက်ကူးသွားပါမယ်။ သေချာ ရိုက်ကူးပေးမယ့် ဒါရိုက်တာတွေ နဲ့ ရိုက်သွားမှာပါ။ ဒီ MTV လေး ထွက်ရင်လည်း အဲဒီကရတဲ့ ပိုက် ဆံကလည်း လှူတဲ့တန်းတဲ့အထဲ မှာပဲ ပါမှာပါ။
တခြားအနုပညာလှုပ်ရှားမှုတွေရှိ ရင် ပြောပြပေးပါဦး။
ကျွန်တော့်တစ်ကိုယ်တော် ရှိုးလုပ်ဖို့တော့ အစီအစဉ်ရှိတယ်။ ဒီနှစ်ထဲမှာပဲ လုပ်ဖြစ်ဖို့များပါ တယ်။
ကိုဇာနည်ရဲ့ မိသားစုအကြောင်း လေးနဲ့ အနာဂတ် Family Plan အနေနဲ့ ဘယ်လိုမျိုး စီစဉ်ထား တာမျိုးတွေ ရှိပါသလဲ။
ကျွန်တော်တို့လုပ်စရာရှိ တာတွေလုပ်ပြီးရင်တော့ ၂၀၁၇ လောက်မှာ ကလေးထပ်ယူဖြစ် လောက်ပါမယ်။ ၂၀၁၈၊ ၂၀၁၉ လောက်တော့ ကလေးလေးတစ် ယောက်ရရင်လည်း ထပ်ရနေမှာ ပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဖစ်ဖစ် တုန်လေးကို ယူကတည်းက Plan နဲ့ယူတာဆိုတော့ ကျွန်တော်တို့ အိမ်ထောင်သက် ငါးနှစ်ပြည့်ပြီးမှ ကလေးစယူကြတာလေ။ အခု လည်း ကလေးတွေကို လူ့ဘဝထဲ ခေါ်လာပြီးရင် သူတို့ကို ပြည့်ပြည့် စုံစုံနဲ့ ဖြတ်သန်းစေချင်တယ်။ အဲ ဒီရည်ရွယ်ချက်ကြောင့် ကျွန်တော်တို့က ပြင်ပြင်ဆင်ဆင်လေး လုပ် ကြတာပါ။
အခုဆိုရင် ဖစ်ဖစ်တုန်လေးက ကလေးသရုပ်ဆောင်ပါ စတင် လုပ်ကိုင်နေပြီဆိုတော့ သားနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင် တာရှိပါသလဲ။
အခုကတော့ ကလေးက သူ့ ဟာသူ ကလေးဘာသာဘာဝ မင်း သားလုပ်မယ်ပြောတာနေမှာပါ။ သူတကယ် ဘာဝါသနာပါတယ် ဆိုတာ ကျွန်တော်တို့ကြည့်လို့မရ သေးဘူး။ အခုက ပါးစပ်ကပြော တာသာ မင်းသားလုပ်ချင်တယ် ပြောတာ။ တကယ်တမ်း ဓာတ်ပုံ အကြာကြီးရိုက်မယ်ဆိုရင်တောင် သူမခံနိုင်ဘူး။ သီချင်းမဆိုဘူး၊အဆိုတော်မလုပ်ဘူးပြောနေရင် တောင် သီချင်းဆိုနေတာတော့ ဖြောင့်နေတာပဲ။
ကျေးဇူးတင်ပါတယ်။
ဖြူဖွေးသန့် | 7day

မှတ်ချက်များ